နိုင်ငံတကာမှ လူမျိုးပေါင်းစုံရဲ့ အလေးထားသတိပြုမိလာတဲ့ မြန်မာနိုင်ငံရဲ့ ရိုးရာဓလေ့တွေကို ပရိသတ်တွေလည်း ရိပ်မိလာမယ်ထင်ပါတယ်။ တစ်နေ့ထက်ပိုမိုစိတ်ဝင်စားလာသူ နိုင်ငံခြားသားတွေရဲ့ လာရောက်လေ့လာမှုနဲ့အတူ ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ မျိုးချစ်စိတ်တွေကြောင့် ပိုမိုလူသိများလာတာပဲဖြစ်ပါတယ်။ အဆိုပါ ပြည်ပရောက်နိုင်ငံသားတွေထဲက အမေရိကန်ရောက်မြန်မာ့ကျောင်းသူတစ်ဦးရဲ့ မြန်မာ့ရိုးရာအကလေ့ကျင့်ပေးမှုဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။  

အဆိုပါ ဗီဒီယိုဖိုင်လေးထဲမှာ အမေရိကန်နိုင်ငံသူလေးတွေကို ကိုယ်တိုင်မြန်မာ့အကကို သင်ကြားပေးနေပြီး သြင်္ကန်သီချင်းလေးနဲ့အတူ ပူးတွဲကပြခဲ့တာပဲဖြစ်ပါတယ်။ စည်းချက်ကျကျကပြပုံလေးကို အနောက်က ညီညီညာညာလိုက်ပါရင်း ပျော်ရွှင်နေကြတဲ့ အဆိုပါအမေရိကန်သူလေးတွေရဲ့ ချစ်စရာမြင်ကွင်း ကပရိသတ်တွေကိုပါ ကြည်နူးမိစေမှာအမှန်ပဲဖြစ်ပါတယ်။  

မြန်မာ့ရိုးရာအကကို ရိုးရာဝတ်စုံလေးဝတ်ဆင်ပြီး ကပြရင်း နိုင်ငံခြားသူလေးတွေရဲ့ အချစ်တော်ဖြစ်ခဲ့တဲ့ မြန်မာလူမျိုးအမျိုးသမီးတစ်ဦးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို လက်ရှိကြည့်ရှု့သူပေါင်း သန်းချီရှိခဲ့တာတွေ့ရပါတယ်။ ပြည်ပရောက်မြန်မာ့လူမျိုးတွေရဲ့ မျိုးချစ်စိတ်ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

vIDE0 - APANN PYAY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။