ပရိသတ်ကြီးရေ အကယ်ဒမီကျော်သူကတော့ အနုပညာအလုပ်တွေကို အခုချိန်ထိ ကြိုးစားလုပ်ဆောင်နေတဲ့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်။ပရဟိတလုပ်ငန်းတွေကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်ပြီး လိုအပ်နေတဲ့သူတွေအတွက် အကူအညီပေးနေတဲ့ စိတ်ထားမွန်မြတ်တဲ့ မင်းသားကြီးပါ။ကျော်သူက အခုဆိုရင်တော့ သူကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ဇာတ်ကားတွေကို အကောင်းဆုံးဖြစ်အောင် ရိုက်ကူးနေပါတယ်။

အခုဆိုရင် ကျော်သူက သူရိုက်ကူးမယ့် ရုပ်ရှင်အတွက်"ယခုလောက် ခရီးတွေထွက်၊အလုပ်တွေရှုပ်၊အစားအသောက်တွေ မမှန်ဖြစ်နေသော်လည်း အဝမပျက်သည့် ကျွန်တော့်ကို ဆီလီကွန်မိတ်ကပ်ပညာရှင် ကိုအောင်ကျော်ထွန်းနှင့်သမီးတော်များက အုပ်စုဖွဲ့ပြီး ကျွန်တော့်၏ခြေထောက်ကော၊လက်တွေကိုပါ သွားမရ၊စားမရအောင် ဝိုင်း၍ဆီလီကွန်ပလာစတာများဖြင့်ပါတ်စီးခြင်းကိုယနေ့ညနေပြုလုပ်ခံခဲ့ရတော့သည်။၄၅မိနစ်ခန့် ရေလည်းမသောက်နိုင်၊အစာလည်းမစားနိုင်၊အပေါ့လည်းသွားရန် မဖြစ်တော့တဲ့ ကျွန်တော်တို့ ဘဝ။

ဖန်တီးသူ ကိုအောင်ကျော်ထွန်းနဲ့သမီးတော်များကတော့ ဆန်းသစ်တီထွင်မှုအတွက် ပျော်လို့၊ရီလို့၊မုန့်တွေစားပြနဲ့ပေါ့ဗျာ။မစိုးရိမ်ကြပါနဲ့ခင်ဗျာ။ကျွန်တော် ယခုဧပြီလကုန်တွင် ငွေဆောင်၊ချောင်းသာ၌ ဝသုန္ဒြေရုပ်ရှင်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာ အဖြစ်ရိုက်ကူးရမည့်"ဒဏ္ဍာရီပင်လယ်" ရုပ်ရှင်ဇာတ်ကားအတွက်ယနေ့ ပါဝင်မည့်သရုပ်ဆောင်များအားSpecial Effect ရိုက်ချက်များအတွက် အထူးဆီလီကွန်မိတ်ကပ်ဖြင့်ဖန်တည်းမှုပြုလုပ်ရန်ယနေ့ မိုလ်ပုံစံယူနေခြင်းဖြစ်ပါသည်။"ဆိုပြီး ရိုက်ကူးရေးအတွက် ပြင်ဆင်ချက်လေးတွေကို ပြသခဲ့ပါတယ်နော်။ 

Source:Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။