ခရီးသွား ဝါသနာပါတဲ့ Maria J Naw ကတော့ ပြည်တွင်းသာတင်မဟုတ်ဘဲ ပြည်ပအထိပါ ခရီးတွေ ဆက်တိုက်ထွက်နေတာကိုမြင်တွေ့ရမှာပါ...။ ကချင်တိုင်းရင်းသူလေး စူပါမော်ဒယ်လ် J naw ကတော့ သဘောထားပွင့်လင်းပြီး လူတိုင်းအပေါ်ခင်မင်ရိုးသားစွား ပေါင်းသင်းဆက်ဆံတက်သူတစ်ယောက်လည်းဖြစ်ပါတယ်...။ J naw ရဲ့ ဖက်ရှင်တွေဟာဆိုရင်လည်း အများနဲ့မတူဘဲ တစ်မူထူးပြီး အမြဲဆန်းသစ်လှပနေတာဖြစ်ပါတယ်...။ Sexy ကျလွန်းတဲ့ ခန္ဓာကိုယ်ကြောင့် social media လောကတွင် အမျိုးသားပရိသတ်အများဆုံးပိုင်ဆိုင်ရရှိထားပြီး အားပေးမှုတွေကလည်း တစ်ခဲနက်ပင်ဖြစ်ပါတယ်...။

ကြော်ငြာ၊မဂ္ဂဇင်းတွေမှာလည်း အလှပုံရိပ်တွေ အမြဲလိုလိုရှုစားကြရမယ့် J naw ကတော့ အခမ်းအနား၊ ဖွင့်ပွဲတွေ၊ Red Carpet show ပွဲတွေမှာလည်း အမြဲဂုဏ်ယူဝံ့ကြွားစွာ တက်ရောက် ဖျော်ဖြေခဲ့တာဖြစ်ပါတယ်...။ သူမရဲ့ သဘာဝအလှတွေကို ပေါ်လွင်အောင် ထင်ထင်ရှားရှားပြသလေ့ရှိပြီး ရေကူးကန်ထက်က ပုံရိပ်တွေဟာဆိုရင်လည်း မြင်သူတိုင်းရဲ့ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်တာပဲဖြစ်ပါတယ်...။ သီချင်းဗီဒီယိုတွေမှာလည်း သူမရဲ့ သဘာဝကျကျ သရုပ်ဆောင်မှုတွေကို ရှုစားကြရမှာဖြစ်ပြီး အမြဲလိုလို အသစ်သစ်တွေကို ကြိုးစားဖန်တီးပေးနေတာလည်းဖြစ်ပါတယ်...။

J naw ဟာ ဘာလီကျွန်းအစရှိတဲ့ နာမည်ကြီးကမ်းခြေ တွေကို သွားလေ့ရှိသူဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှာလည်း နေရာအနှံ့ကို ခြေဆန့်ပြီးသားဖြစ်နေပါပြီ..။ အခုတစ်ခါမှာဆိုရင်လည်း ဘန်ကောက်မြို့ရှိ "asiatique the riverfront" နေရာလေးသို့ရောက်ရှိနေပြီး နေရောင်ခြည်အောက်က အလှတရားတွေနဲ့ အတူ ဓာတ်ဖမ်းခဲ့တာဖြစ်ပြီး "ရယ်လိုက်ရင် မှိတ်သွားတဲ့ မျက်ဝန်းတစ်စုံနဲ့ ဒို့ ကို ရိုးတွင်းချဉ်ဆီထဲထိ စိမ့်နေအောင်ချစ်ပေးပါ" ဆိုတဲ့ status လေးနဲ့တကွ သူမရဲ့ official facebook acc တွင်ထုတ်ဖော်တင်ဆက်ပြသထားပြီး Myanmarload ပရိသတ်ကြီးလည်း သိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Maria J Naw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။