လာမယ့် ဧပရယ်လ (၂၅) ရက်နေ့မှာတော့ ပရိသတ်တွေအားလုံး စောင့်မျှော်နေရတဲ့ "မဟူရာ ရုပ်ရှင်ရုံ" ရုပ်ရှင်ဇာတ်ကားကြီးက တစ်နိုင်ငံလုံးတွင် ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ ရုံမတင်ခင်ကတည်းက Trailer နဲ့တင် ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်အဝပေးထားတဲ့ ဒီဇာတ်ကားကြီးက မြင်နေကျ သရဲကားတွေနဲ့မတူဘဲ သည်းထိပ်ရင်ဖိုဖွယ် ပြကွက်တွေကို မြင်တွေ့ရှုစားရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း ဒီဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုသင့်တဲ့ အချက် (၁၁) ချက်တိတိ ရှိပါတယ်။

(၁) အချက်- ရုပ်ရှင်ရုံထဲမှာ ခြောက်နေတဲ့သရဲကားကို သင်ကိုယ်တိုင် ရုပ်ရှင်ရုံထဲမှာပဲ ထိုင်ကြည့်ရမှာမို့ ထူးခြားတဲ့ရသကို ပေးစွမ်းနိုင်မှာပါ။

(၂) အချက်- အကယ်ဒမီလေးဆု ရရှိခဲ့သော မုန်းစွဲနှင့် Star Award ဆုရရှိခဲ့သော တိမ်တိုက်တံတား အစရှိသော အရည်အသွေးမြင့် ရုပ်ရှင်ကားကောင်းများသာ ထုတ်လုပ်ရိုက်ကူးလေ့ရှိသော 7th Sense Film Production ထုတ်လုပ်ရိုက်ကူးထားသော ရုပ်ရှင်ကားဖြစ်သည်။

(၃) အချက်- မဟူရာရုပ်ရှင်ရုံဇာတ်ကားဟာ အင်္ဂလိပ်ဘာသာစကား၊ မြန်မာဘာသာစကားနှင့် တမီးလ်ဘာသာစကား ဘာသာစကားသုံးမျိုးဖြင့် ထူးထူးခြားခြား ဇာတ်အိမ်ဖွဲ့ကာ ရိုက်ကူးတင်ဆက်သည်။

(၄) အချက်- ပြည်တွင်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ နေတိုးဟာ မဟူရာရုပ်ရှင်ရုံဇာတ်ကားဖြင့် သူ့ဘဝမှာ ပထမဆုံးအကြိမ် နိုင်ငံတကာက ပေးအပ်တဲ့ဆုတစ်ဆု ရယူနိုင်ခဲ့သည်။

(၅) အချက်- မဟူရာရုပ်ရှင်ရုံ ဇာတ်ကားဟာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များမှ ဆုတံဆိပ်လေးခု ဆွတ်ခူးနိုင်ခဲ့သလို အကောင်းဆုံးဒါရိုက်တာဆု အကောင်းဆုံး သရုပ်ဆောင်ဆုတို့ကိုလည်း ရရှိနိုင်ခဲ့သည်။

(၆) အချက်- မဟူရာရုပ်ရှင်ရုံ ဇာတ်ကားရဲ့ ၅၀ % နှုန်းဟာ VXF ( Visual Effect) များဖြင့် ဖန်တီးထားပြီး ပရိသတ်များအနေဖြင့် ထူးခြားကောင်းမွန်တဲ့ ရသတွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

(၇) အချက်- မဟူရာရုပ်ရှင်ရုံ ဇာတ်ကားဟာ နေတိုးနှင့် မင်းသွေးတို့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ လက်ကျန်ရုပ်ရှင်ဇာတ်ကားများထဲမှာ တစ်ကားဖြစ်သည်။

(၈) အချက်- Calcutta Internation Cult Film Festival ရဲ့ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ဖိတ်ခေါ်ခံထားရပါတယ်။

(၉) အချက်- ရုပ်ရှင်တစ်ကားလုံး၏ ၉၀% အား Automated Dialogue Replacemen (ADR) ဖြင့် အသံစနစ် ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားခြင်း Sound Effect များအား ကောင်းမွန်အောင် ပြုလုပ်ထားခြင်း ။

(၁၀) အချက်- သရဲကားစစ်စစ်တစ်ကား ရိုက်ကူးနေပေမယ့် မည်သည့်သရုပ်ဆောင်မှ ရိုက်ကွင်းတွင် သရဲခြောက် မခံခဲ့ရခြင်း။

(၁၁) အချက်- အရမ်းကြောက်တတ်တဲ့ ချစ်သူကို ရုပ်ရှင်ပြချိန် ၂ နာရီလုံးလုံး သူရဲကောင်းကြီးအဖြစ် အကာအကွယ်ပေးရင်း ဖက်ထားနိုင်ခြင်း ။

အခုလို အချက်အလက်တွေကို သိရှိပြီးပြီဆိုရင်တော့ ပရိသတ်တွေလည်း မဟူရာ ရုပ်ရှင်ရုံ ဇာတ်ကားကြီးကို မလွတ်တမ်း သွားရောက် ကြည့်ရှုကြဖို့ တိုက်တွန်းပေးလိုက်ပါတယ်နော်။

Source:မဟူရာရုပ်ရှင်ရုံ ရုပ်ရှင်ဇာတ်ကား - The Dark Cinema;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။