MRTV-4 ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိသတ်တွေကြားမှာရေပန်းစားနာမည်ကြီးလာတဲ့ မင်းသားချောလေးကတော့ အောင်ရေချမ်းပဲဖြစ်ပါတယ်။ သူဟာ ပျားရည်အိုင် ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရဲ့အားပေးမှုကိုရရှိထားသူပါ။

ပီပြင်ကျွမ်းကျင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်း အချိန်တိုအတွင်းမှာ အနုပညာလမ်းကြောင်းပေါ်တွင် အောင်မြင်မှုတွေရရှိနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း “ ကျွန်မက မဟေသီ” ဆိုတဲ့ရုပ်သံဇာတ်လမ်းလေးဟာ ပရိသတ်တွေကြားမှာ အရမ်းကိုနာမည်ကြီးနေတာပါ။ ဒီဇာတ်ကားလေးဟာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးဖြစ်ပြီး ပရိသတ်တွေကြိုက်နှစ်သက်တဲ့ရုပ်သံဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။ 

မနေ့ညကတော့ ပရိသတ်တွေစိတ်ဝင်တစားနဲ့ကြည့်ရှုကြတဲ့ဇာတ်ကားလေးဟာ ပြီးဆုံးသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ မနေ့ညကက မင်းသားချောလေးမင်းမျိုးနွယ်ဟာ ပရိသတ်တွေနဲ့ Live လွှင့်ကာစကားပြောခဲ့တာပဲ ဖြစ်ပါတယ်။ သူကတော့ ဒီဇာတ်ကားလေးပြီးသွားတော့ ရင်ထဲသိပ်မကောင်းဘူးလို့ဆိုထားပါသေးတယ်။ ပရိသတ်တွေလည်း မင်းသားချောလေးရဲ့ဗီဒီယိုလေးကို အားပေးကြပါဦးနော်။

Source Aung Yay Chan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။