Jason Momoa ကိုပရိသတ်ကြီးအနေနဲ့ Aquaman မင်းသားအနေနဲ့သိကြမှာဖြစ်ပါတယ်။ သူဟာ ကမ္ဘာကျော်နာမည်ကြီး Series ဖြစ်တဲ့ Game Of Thrones မှာလဲပါဝင်သရုပ်ဆောင်ထားပါတယ်။ သူဟာဆိုရင်လဲ ပရိသတ်ပေါင်းများစွာရဲ့ အားပေးမှုကို ရရှိထားပြီး တော်တော်များများကလဲသူရဲ့ မုတ်ဆိတ်တွေကို သဘောကျနှစ်သက်ကြပါတယ်။ ပရိသတ်ကြီးလဲ သူရဲ့မုတ်ဆိတ်တွေကို အားကျမယ်လို့ထင်ပါတယ်။ 

ဒါပေမဲ့လဲ့ အသက် ၃၉နှစ်ရှိပြီဖြစ်တဲ့ Jason ဟာ ပရိသတ်တွေသဘောကျနှစ်သက်တဲ့ မုတ်ဆိတ်တွေကို ရိတ်ခဲ့ပါတယ်။ သူရိတ်တဲ့ပုံကိုလဲ Video ရိုက်ကူးခဲ့ပြီး သူရဲ့ You Tube နဲ့ social media page မှာ တင်ခဲ့ပါတယ်။ သူမရိတ်ခင်မှာ သူနောက်ဆုံးရိတ်ခဲ့တဲ့အချိန်က ၂၀၁၂ခုနှစ်ဆိုပြီးပြောခဲ့ပါသေးတယ်။ အဲ့မုတ်ဆိတ်ရဖို့ နှစ်တော်တော်များများစောင့်ရတာပဲလေနော်....။ Video ကိုလဲ ပရိသတ်ကြီးအတွက် ပြန်လည်မျှေဝေပေးလိုက်ပါတယ်။ 

သူရိတ်နေစဉ်အတွင်းမှာလဲ သူရဲ့ GOT ဇာတ်ဆောင်နာမည်ဖြစ်တဲ့ Khal Drogo နဲ့ Aquaman ဇာတ်ဆောင်နာမည်ဖြစ်တဲ့ Arthur Curry တို့ကို ' Bye ' ဆိုပြီး ပြောခဲ့ပါတယ်။ သူရဲ့Video က မုတ်ဆိတ်ရိတ်တဲ့ Video ဖြစ်သလို ကျန်းမာရေးအသိပေးကာ ပလက်စတစ်ဆိုးကျိုုးတွေနဲ့ လူတွေနေထိုင်ရာ ဒီကမ္ဘာမြေကြီးကို ကာကွယ်ဖို့ ကိုယ်တိုင်တာဝန်ရှိတယ်လို့လဲ ပြောခဲ့ပါတယ်။ အဲ့ Video တွေအောက်မှာ ပရိသတ်တွေက အမျိုးမျိုးပြောခဲ့ကြပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။