ပရိသတ်ကြီးရေ.. ပြည်သူတွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အသည်းကျော် ထိပ်တန်းအနုပညာရှင်တွေထဲမှာ မင်းသားချောနေတိုးကတော့ မြန်မာပြည်သူတွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်..။

အကယ်ဒမီထူးချွန်ဆုတွေနဲ့အတူ အောင်မြင်ခိုင်မာတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို သရုပ်ဆောင်ပိုင်နိုင်ကျွမ်းကျင်မှုတွေနဲ့ တည်ငြိမ်ခန့်ညားပြီး ပရော်ဖက်ရှင်နယ်အနုပညာရှင် ပီသမှုတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေရသူဆိုလည်း မမှားပါဘူး..။

ပြီးခဲ့တဲ့ရက်ပိုင်း နှစ်သစ်အစမှာတော့ နေတိုး၊ ကျော်ကျော်ဗိုလ်၊ အေးမြတ်သူနဲ့ “ပြုံးရွှင်ရေပျော်ရဲ့လား” ရုပ်ရှင်အဖွဲ့သားတွေ စုပေါင်းပြီး သံဃာတော်တွေကို ဆန်၊ ဆီ၊ ဆားနဲ့ လှူဖွယ်ပစ္စည်းတွေအပြင် ဝတ္တုငွေတွေလည်း ကပ်လှူခဲ့ကြတာ တွေ့ရပါတယ်..။

ကြည်နူးသာဓုခေါ်စရာ စုပေါင်းအလှူပုံရိပ်လေးတွေကိုလည်း နေတိုးက ချစ်ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက်လည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်နော်..။

“ပြုံးရွှင်ရေပျော်ရဲ့လား ရုပ်ရှင်အဖွဲ့သားများမှနှစ်ဦးအလှူဖြစ်ပါတယ်ခင်ဗျာ ပရိသတ်များအားလုံးအမျှရကြပါစေ....နေတိုး..” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ မျှဝေထားတာမို့ ပရိသတ်တွေကလည်း ဝမ်းသာအားရသာဓုခေါ် ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ Myanmarload မှ ကိုကိုနေတိုးတို့ “ပြုံးရွှင်ရေပျော်ရဲ့လား” ရုပ်ရှင်အဖွဲ့သားတွေရဲ့ အလှူပုံရိပ်လေးတွေကိုလည်း ဝေမျှတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo - နေတိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။