ဆူဒန်သမ္မတ အိုမာ အယ်လ် ဘာရှာကတော့ သိပ်မကြာသေးခင် ရက်ပိုင်းတုန်းက ရာထူးကနေ ဖြုတ်ချခံခဲ့ရပြီပဲဖြစ်ပါတယ်။

သူကတော့ ၁၉၈၉ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကနေ စတင်ပြီး အာဏာရသူတစ်ယောက်ပဲဖြစ်ပါတယ်။

၎င်းသမ္မတ ရာထူးဖြုတ်ချခံခဲ့ရပြီးနောက် ရက်အနည်းငယ်အကြာမှာတော့ သူ့ရဲ့ညီအစ်ကို နှစ်ယောက်ကို ဆူဒန် စစ်ဘက်အုပ်ချုပ်ရေး အရာရှိတွေက ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

၎င်းအရာရှိတွေကတော့ ဘာရှာရဲ့ ညီအစ်ကိုနှစ်ဦးကို စစ်အစိုးရဟောင်းနဲပ ပတ်သတ်သူတွေကို လိုက်ဖမ်းနေတဲ့ လှုပ်ရှားမှုအတွင်းမှာ ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိအချိန်မှာဆိုရင် အာဏာရပါတီဟောင်းနဲ့ ဆက်နွယ်တဲ့ တရားမဝင် တပ်ဖွဲ့တွေကို စစ်တပ်အောက် ဒါမှမဟုတ် ရဲဌာနအောက် ရွှေ့လိုက်ပြီလို့လည်း သိရပါတယ်။

ဒါ့အပြင် ဆူဒန်စစ်တပ်ဟာဆိုရင်လည်း ယခုကစလို့ ၂ နှစ်အတွင်းမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးသွားမယ်လို့ ကတိပြုထားကြောင်းသိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။