ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဂျင်းဂျူမြို့မှာ အမျိုးသားတဦးကို သူ့နေအိမ်တိုက်ခန်းကို ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ၎င်းအမျိုးသားဟာ မီးဘေးကနေ ထွက်ပြေးဖို့ကြိုးစားနေတဲ့ တိုက်ခန်းမှာနေသူတွေကိုပါ ဓားနဲ့လိုက်ထိုးခဲ့တယ်လို့သိရပါတယ်။

ဒါ့ကြောင့် တိုက်ခန်းမှာနေသူ ငါးဦး သေဆုံးပြီး ခြောက်ယောက်လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ် ၇ ယောက်လောက်လည်း မီးခိုးတွေရှူမိပြီး ကျန်းမာရေးထိခိုက်တဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်။

စုံစမ်းစစ်ဆေးသူတွေကတော့ ၎င်းတိုက်ခိုက်သူအမျိုးသားဟာ အရင်ကစိတ်ကျန်းမာရေးချို့ယွင်းခဲ့ဖူးပြီး အခုတိုက်ခိုက်မှုကလည်း သူ့ကိုသတ်ဖို့ ကြိုးစားတဲ့သူတွေဆီကနေ သူ့ကိုယ်သူ ကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထွက်ဆိုထားတယ်လို့ ပြောကြားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးသူတွေအနေနဲ့လည်း လက်ရှိအချိန်မှာ၎င်းအမျိုးသားကို ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေပြီး ထိုက်သင့်တဲ့ အပြစ်ဒဏ်ချမှတ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။

source - AP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။