MRTV-4 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ "ကျွန်မက မဟေသီ" ဇာတ်လမ်းတွဲလေးကတော့ အခုဆိုရင် ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း ဇာတ်သိမ်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ကြည့်ရှုသူအများဆုံး ရရှိထားတဲ့ ဒီဇာတ်လမ်းတွဲလေးက ပရိသတ်တွေကို ပြသနေချိန်အတွင်းမှာ ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်အဝပေးခဲ့တဲ့ ဇာတ်လမ်းတွဲလေးလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဇာတ်လမ်းတွဲလေး ပြီးဆုံးသွားပြီဖြစ်တာကြောင့် အနုပညာရှင်တွေက နှုတ်ဆက်စကားဆိုထားကြပါတယ်။

ဒီဇာတ်လမ်းလေးထဲမှာတော့ မိန်းမချောနဲ့ စံမြန်းတို့နှစ်ယောက်က ရန်ဘက်တွေဖြစ်ကြပေမယ့် ရိုက်ကွင်းအပြင်ဘက်မှာတော့ သူမတို့နှစ်ယောက်က အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီဇာတ်လမ်းတွဲလေး ရိုက်ကူးပြီးစီးသွားချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက် မလွှတ်တမ်းဖက်ပြီး အလွမ်းသယ်ခဲ့ကြပါတယ်။ အပြန်အလှန်ဖက်ပြီး နှစ်သိမ့်ပေးနေကြတဲ့ သူမတို့နှစ်ယောက်ရဲ့ဗီဒီယိုလေးကလည်း ပရိသတ်တွေရဲ့ရင်ကို ထိစေခဲ့ပါတယ်။

အခုလည်း မိန်းမချောက " ဒီဇာတ်လမ်းတွဲလေးရိုက်ပြီးတော့လည်း ကျွန်မတို့နှစ်ယောက် မျက်ရည်ကျရတယ် ဒီဇာတ်လမ်းတွဲလေးပြီးတော့လည်း ရင်ထဲမာ ဟာကနဲကျန်ခဲ့တယ် " ကျွန်မကမဟေသီ " အောင်အောင်မြင်မြင်နဲ့ပြီးဆုံးပါပြီ" ဆိုပြီး သူမရဲ့ခံစားချက်လေးတွေကို ပြောပြပြီး ဗီဒီယိုလေးကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိန်းမချောနဲ့ စံမြန်းရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Than Thar Moe Theint;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။