ပရိသတ်ကြီးရေ စိတ်ထားလေးမွန်မြတ်တဲ့ မင်းသမီးချောလေး အကယ်ဒမီအေးမြတ်သူကတော့ ပါးချိုင့်လေးနှစ်ဖက်နဲ့ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်အနုပညာရှင်လေးပါ။သူမရဲ့ ထူးခြားတဲ့ အလှလေးက ပါးချိုင့်လေးဖြစ်လို့ အေးမြတ်သူပြုံးလိုက်တိုင်း ပရိသတ်တွေက အရမ်းကိုချစ်နေရတာဖြစ်ပါတယ်။အေးမြတ်သူက ခန္ဓာကိုယ်လှလှလေးနဲ့ အရပ်ရှည်ရှည်လေးကို ပိုင်ဆိုင်ထားတာကြောင့် အနုပညာလောကထဲကို မော်ဒယ်ကနေ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အေးမြတ်သူက ကြော်ငြာတွေ ဇာတ်ကားတွေ ရိုက်ကူးလာပြီး အနုပညာအလုပ်တွေကို ကြိုးစားလာခဲ့ပါတယ်။အေးမြတ်သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကိုဆိုရင်လည်း သူမရဲ့ မှော်ဆန်တဲ့ အိုင်တင်တွေကြောင့် ကျရာဇာတ်ရုပ်တွေက ပီပြင်လို့ ပရိသတ်တွေက အရမ်းကို ကြိုက်နှစ်သက်ပါတယ်။အေးမြတ်သူက အခုနောက်ပိုင်းမှာ ပရိသတ်တွေအရမ်းချစ်လာရတဲ့ အကယ်ဒမီမင်းသမီးလေးပါ။

အေးမြတ်သူက စိတ်စေတနာ ဖြူစင်တဲ့သူဖြစ်လို့ သူမကိုချစ်တဲ့ခင်တဲ့ လူပေါများကာ အေးမြတ်သူကလည်း မာန်မာနမရှိဘဲ အကုန်လုံးကို ဖော်ရွေစွာ ဆက်ဆံတဲ့ သူတစ်ယောက်ပါနော်။အခုဆိုရင်တော့ အေးမြတ်သူက မိသားစုနဲ့အတူတူ ညစာအတူစားနေပြီး အေးမြတ်သူရဲ့ ဖေဖေက မေမေ့ကို ကိုယ်တိုင်အသားနွှာပေးနေတဲ့ ကြည်နူးစရာဗီဒီယိုလေးကို အေးမြတ်သူက ပရိသတ်ကြီးလည်း ကြည်နူးရအောင် မျှဝေထားပါတယ်နော်။

Source:Myat Lay ML

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။