နေ့စဉ်ကြားသိနေရတဲ့ ယာဉ်တိုက်မှုသတင်းတွေထဲက အများဆုံးနဲ့ လူသေဆုံမှုစံချိန်တစ်ခုတင်ထားတာကတော့ အမြန်လမ်းမကြီးပဲဖြစ်ပါတယ်။ လစဉ်တိုင်းမှာ အများဆုံးစံချိန်ရှိနေပြီး ယာဉ်တိုက်မှု တိမ်းမှောက်မှုနဲ့ လူသေဆုံးမှုတွေကတော့ မရေမတွက်နိုင်အောင်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ ၁၉ ရက်နေ့ နေ့လည် ၁၂ နာရီလောက်မှာလည်း အဆိုပါအမြန်လမ်းမပေါ်တွင် ယာဉ်တိမ်းမှောက်မှုတစ်ခုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။    

အဆိုပါ ယာဉ်တိမ်းမှောက်မှုကတော့ ဒီကနေ့ ဧပြီလ ၁၉ရက်နေ့ နေ့လည် ၁၂ နာရီလောက်က နေပြည်တော် - ရန်ကုန် အမြန်လမ်း မိုင်တိုင် အမှတ် ၁/၄- ၁/၅ အကြားတွင် ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ဖြစ်စဉ်မှာ "ယာဉ်မောင်း ကို စိုးမင်းလှ မောင်းနင်သည့် GG/5---probox အဖြူရောင်ယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်ပြီး လမ်းလယ်ကျွန်းပေါ်ရောက်ရှိ" ခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရသိရပါတယ်။  

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပျက်ဆီးမှုရှိခဲ့သော်လည်း ယာဉ်ပေါ်လိုက်ပါလာသည့် ကျား (၂) ဦး မ (၃)ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရပါတယ်။ ယာဉ်တိမ်းမှောက်ရာနေရာသို့ အမြန်လမ်းမကြီး ရတပ်ဖွဲ့ အမှတ် (၃) လမ်းဆုံး စခန်းမှာ တာဝန်ရှိသူများ သွားရောက်ကူညီပေးခဲ့ရကြောင်း သိရပါတယ်။

Photos - အမြန်လမ်းရဲတပ်ဖွဲမှူးရုံး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။