ချန်ပီယံလိဒ်ကွာတားဖိုင်နယ်ပွဲတွေစဉ်တွေကတော့မနေ့ကယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ကွာတားဖိုင်နယ်တွေထဲမှပရိသတ်တွေစိတ်ဝင်စားဆုံးဖြစ်တဲ့အင်္ဂလန်ထိပ်သီးမန်စီးတီးအသင်းနဲ့စပါးအသင်းတို့ပွဲမှာတော့မန်စီးတီးအသင်းဟာအိမ်ကွင်းမှာအနိုင်ရခဲ့ပေမယ့်အဝေးဂိုးကြောင့်မန်စီးတီးအသင်းဟာပြိုင်ပွဲကနေထွက်ခဲ့ရတာပါ။

အဆိုပါပွဲကတော့ပွဲကစားချိန်နောက်ဆုံးအထိပရိသတ်တွေကိုရင်ခုန်သံတွေအပြည့်ပေးနိုင်တာဖြစ်ပါတယ်။စပါးအသင်းဟာချန်ပီယံလိဒ်မှာတစ်ကြိမ်မှဗိုလ်စွဲထားခြင်းမရှိတာကြောင့်ခုလိုဆီမီးဖိုင်နယ်တက်ရောက်လာတာဟာပရိသတ်တွေသာမကကစားသမားတွေအတွက်ပါအားတက်စရာပဲဖြစ်ပါတယ်။

စပါးအသင်းဟာဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့အေဂျက်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။အေဂျက်အသင်းဟာလည်းဒီနှစ်မှာခြေစွမ်းပိုင်းအမြင့်ဆုံးရှိနေတာကြောင့်စပါးအသင်းအတွက်တော့ခက်ခဲဦးမှာဖြစ်ပါတယ်။စပါးအသင်းကစားသမားတွေနဲ့နည်းပြတွေကတော့မန်စီးတီးပွဲအပြီးအဝတ်လဲခန်းမှာသေချာအောင်ပွဲခံခဲ့တာဖြစ်ပါတယ်။အပျော်တွေအပြည့်နဲ့အောင်ပွဲခံခဲ့တဲ့စပါးအသင်းသားတွေရဲ့ပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအားကျစေဖို့အတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Football Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။