ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင် မင်းသမီးချောလေးကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ အားလုံးကို အချစ်ပိုစေခဲ့တဲ့ မင်းသမီးချောလေး ပိုးကြာဖြူခင်ပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်တဲ့ ပြည်သူချစ်အနုပညာရှင်မင်းသမီးချောလေးတစ်ဦးဖြစ်သလို အေးချမ်းတဲ့အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားသူမို့ ပရိသတ်တွေကလည်း အမြဲအချစ်ပိုနေကြရတာပဲ ဖြစ်ပါတယ်..။

MRTV-4 ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကာ ရှိုးပွဲတွေမှာလည်း သီချင်းတွေ သီဆိုဖျော်ဖြေနေသူတာလည်း တွေ့ရပါတယ်..။

အနုပညာလှုပ်ရှားမှုလေးတွေနဲ့ မိသားစုပုံရိပ်လေးတွေကို ပရိသတ်တွေအမြဲမျှဝေလေ့ရှိတဲ့ ပိုးကတော့ အခုတစ်ခါမှာလည်း မိသားစုနဲ့အတူ ခရီးသွားရင်း ရုပ်ချင်းဆင်လွန်းတဲ့ မောင်ချောလေးနဲ့အတူ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို ထုတ်ပြလိုက်ပါတယ်နော်..။

မြစ်ဆုံရောက်တုန်းလေး မောင်ချောလေးနဲ့အတူ ကချင်ရိုးရာဝတ်စုံလေးကို ဆင်တူဝတ်ပြီး ပျော်ပျော်ရွှင်ရွှင်ဓာတ်ဖမ်းထားကြတဲ့ ပိုးကြာဖြူခင်တို့ မောင်နှမနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက သဘောကျအချစ်ပိုနေကြမှာ အမှန်ပါပဲနော်..။

“မြစ်ဆုံကိုချစ်တဲ့ မောင်နှမ နှစ်ယောက်..” ဆိုပြီးတော့လည်း မောင်နှမနှစ်ယောက်အတူ ဓာတ်ဖမ်းခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေလိုက်တာဖြစ်တာမို့ ချစ်ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo - ပိုးကြာဖြူခင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။