နော်ဖောအယ်ထားက လူမှုကွန်ယက်စာမျက်နှာတွေပေါ်ကနေ သူမရဲ့ချစ်စရာကောင်းပြီး ဖြူစင်တဲ့အပြုံးချိုချိုလေးတွေကြောင့် လူသိများခဲ့တဲ့ ကရင်တိုင်းရင်းသူလေး တစ်ယောက်ဖြစ် ပါတယ် ။ နောက်ပိုင်းမှာတော့ သူမရဲ့အလှကြောင့် အနုပညာအလုပ်တွေလုပ်ဖို့ ကမ်း လှမ်းခံခဲ့ရတာပါ ။ သူ့ရဲ့အလှတွေကတော့တစ်နေကုန်တစိမ့်စိမ့်ထိုင်ကြည့်ရင်တောင်ကြည့်မဝနိုင်တဲ့အလှတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူမကတော့မိန်းကလေးအချင်းချင်းတော်ကြွေရလောက်တဲ့အလှတွေကိုပိုင်ဆိုင်ထားတာပါ။ 

သူမဟာ နိုင်ငံကျော်မင်းသမီးချောလေးအူဝဲရဲ့တူမအရင်းဖြစ်တဲ့ မေတိုးခိုင်နဲ့လည်း သူငယ်ချင်းအရင်းကြီးလည်း ဖြစ်ပါတယ်။ သူမတို့သူငယ်ချင်းနှစ်ယောက်ခရီးတွေအတူသွားကြရင်းနဲ့ သူငယ်ချင်းတွေထက်ပိုပြီးရင်းနှီးခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီနှစ်သြင်္ကန်မှာလည်း နော်ဖောဟာ မေတိုးခိုင်နဲ့အတူတူလေးရက်လုံးလုံးဖြတ်သန်းခဲ့တာပါ။ 

အူဝဲရဲ့သားငယ်လေး ဖိုးဓီလေးဟာလည်း နော်ဖောအယ်ထားကိုအရမ်းကိုချစ်ခင်နေတာလည်း ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း “ မမနော်ဖောအယ်ထားကိုသတိရတယ်ဗျာ ” ဆိုပြီးနော်ဖောကလူမှုကွန်ယက်စာမျက်နှာမှာမျှဝေထားတာပါ။ ဒီလိုစကားတတ်လွန်းတဲ့ဖိုးဓီလေးကြောင့် နော်ဖောကတော့ပိုပြီးအချစ်ပိုနေရတာပါ။ ပရိသတ်ကြီးလည်း ဒီဗီဒီယိုလေးကိုအားပေးကြပါဦးနော်။

Source- Naw Phaw Eh Htar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။