ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလောကမှာ တစ်ခေတ်တခါကနေအခုချိန်ထိ ပရိတ်သတ်အားပေးမှုနဲနဲလေးတောင်လျော့မသွားပဲ လျှမ်းလျှမ်းတောက်အောင်မြင်ဆဲဖြစ်တဲ့ ပြည်တော်ချစ်မင်းသားကြီးရန်အောင်ကို မသိတဲ့သူမရှိပါဘူးနော်။ သရုပ်ဆောင်လည်း အရမ်းထူးချွန်သူတစ်ယောက်ဖြစ်တဲ့အတွက် အကယ်ဒမီ ရွှေစင်ရုပ်ပေါင်းများစွာကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါတယ်နော်။

အနုပညာအောက်သက်ကျေသူတစ်ယောက်ဖြစ်တဲ့အတွက် အချစ်အမုန်းအလွမ်း ဘယ်လိုဇာတ်ရုပ်ပဲလာလာ ကျရာနေရာကနေ ဆေးစက်ကျရာသရုပ်ပေါ်အောင် ပီပီပြင်ပြင်သရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်နော်။ဂန္တဝင်အနုပညာရှင်တစ်ယောက်ဖြစ်သူလို အနုပညာလောကသားအားလုံးရဲ့ လေးစားအတုယူခြင်းကိုခံရတဲ့ မင်းသားကြီးတစ်လတ်ဆိုလည်းမမှားပါဘူးနော်။

အခုတစ်ခါမှာတော့ ရန်အောင်ဟာ ပြည်တော်ချစ်အနုပညာရှင်တွေနဲ့အတူ ဂျပန်-မြန်မာ (၁၁)ကြိမ်မြောက် Okinawa နိုင်ငံတကာ Movie Festivalပွဲကိုတက်ရောက်လာခဲ့ပါတယ်နော်။ အရွယ်တင်နုပျိုပြီး သန်မာဖျက်လတ်တဲ့ လူငယ်တစ်ယောက်အလား တည်ကြည်ခန့်ငြားတဲ့ဖက်ရှင်နဲ့ပွဲတက်လာခဲ့တာကြောင့် ပရိတ်သတ်တွေပါးစပ်အဟောင်းသားနဲ့ အချစ်တွေပိုခဲ့ရပါတယ်နော်။ကဲ... ဂန္တဝင်မင်းသားကြီး ရန်အောင်ရဲ့ လူကြီးလူကောင်းဆန်ဆန်ပွဲတက်ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Yan Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။