Deadpool ဟာဆိုရင်တော့ Anti-Hero တစ်ယောက်ပဲဖြစ်ကာ ပရိသတ်ကြီးလဲ သူ့ကိုကြိုက်နှစ်သက်ကြမှာပါ။ မင်းသား Ryan Reynolds ဟာလဲ သူသရုပ်ဆောင်တတ်တဲ့ပုံစံနဲ့ Deadpool ဇာတ်ဆောင်စရိုက်တွေက ထပ်တူကျနေတဲ့အတွက် ပရိသတ်ကြီးအနေနဲ့ အရသာပြည့်ခံစားရမှဖြစ်ပါတယ်။ Marvel ဥက္ကဠ Kevin Feige ဟာဆိုရင်လဲ မင်းသား Ryan Reynolds က Deadpool ဇာတ်ရုပ်နဲ့ကွက်တိပဲမို့ Disney က 21st Century Fox ကိုပိုင်သွားပြီဆိုပေမဲ့လဲ သူကတော့ ခုတိုင်းပဲဆက်ရှိသွားမှာပါလို့ ပြောပြခဲ့ပါတယ်။ 

တချို့ဇာတ်လမ်းတွေက Disney ပိုင်ရင် ပြောင်းတက်သွား ပြောင်းလဲသွားတာကို ရုပ်ရှင်ချစ်ပရိသတ်တွေ သိမယ်လို့ထင်ပါတယ်။ အသက် ၄၅နှစ်ရှိပြီဖြစ်တဲ့ Kevin က " ကျွန်တော်တို့ကို ဝယ်လိုက်တဲ့ချိန်မှာ Bob( Disney CEO ) ကကျွန်တော်တို့ကို တကယ်လို့ ဘာမှမဖြစ်ရင် မပြောင်းလဲပါနဲ့ ဆိုပြီး ကျွန်တော်တို့ကိုပြောပြခဲ့တယ်ဗျ " ဆိုပြီး ပျော်ရွှင်စွာ ပြောပြခဲ့ပါတယ်။ သူကဆက်ပြီးတော့ " Deadpool နဲ့ပတ်သတ်လို့ ဘာမှမေးခွန်းတွေ အဆင်မပြေမှုတွေမရှိတဲ့အတွက် ကျွန်တော်တို့ဘာလို့ပြောင်းလဲရမှာလဲဗျာ " ဆိုပြီး ပြောပြခဲ့ပါတယ်။  

မတ်လမှာတုန်းက Deadpool ဟာ Walt Disney မှာသူကို့ကြိုဆိုတဲ့အနေနဲ့ $71 billion ကိုရရှိခဲ့ပါတယ်။ Ryan ကလဲ Social Media ပေါ်ကို Deadpool ဝတ်စုံနဲ့အတူ Micky Mouse ရဲ့ နားရွက်ကိုစွပ်ကာ ဓာတ်ပုံရိုက်ပြီး တင်ခဲ့ပါတယ်။ Caption ကတော့ " ပထမဆုံး Pool နေ့တုန်းကလိုပဲ ခံစားရတယ် " ဆိုပြီးတင်ခဲ့ပါတယ်။ Deadpool ကားဟာဆိုရင်လဲ နှစ်ကားပေါင်းရင် $2 billion နီးပါရရှိခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။