ချစ်ပရိတ်သတ်ကြီးရေ... လတ်တလောမှာအရမ်းကိုရေပန်းစားနေတဲ့ sexy modelတစ်ယောက်ဖြစ်တဲ့ မိုးမြင့်သဇင်ကို ပရိတ်သတ်တွေသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ချစ်ဖိ့ုကောင်းတဲ့မျက်နှာလေးရဲ့ပိုင်ရှင်လေးလည်းပြီးတော့ ပရိတ်သတ်အားလုံးကတော့ သူမကို ချစ်စနိုးလေးနဲ့ ချီချီလို့ခေါ်ကြပါတယ်။

အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကိုပိုင်ဆိုင်ထားသူဖြစ်တာကြောင့် ပုရိသတွေရဲ့ ရင်ခုန်သံကို ဝုန်းဒိုင်းကြဲအောင်စွမ်းဆောင်နိုင်သူလေးပါပဲနော်။ သူမဟာ အခုလတ်တလောမှာတော့ အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်ပေမယ့် ကြော်ငြာတွေကိုတော့ ဆက်တိုက်ရိုက်နေခဲ့ရပါတယ်နော်။

သူမဟာ အခုတစ်ခါမှာတော့ လွန်ခဲ့တဲ့နှစ်ပိုင်းတွေလောက်ကတည်းကအရှည်ထားထားခဲ့တဲ့ သူမရဲ့ ဆံပင်ရှည်ကြီးကို ညှပ်ပြီး အရောင်လေးပါတစ်ခါတည်းပြောင်းလိုက်ပါပြီနော်။ အရင်တုန်းကဘိုမလေးလို ရွှေအိုရောင်ဆံပင်လေးနဲ့အလှသွေးကြွယ်နေတဲ့သူမဟာ အခုတစ်ခါမှာတော့ ဆံပင်အတိုလေးနဲ့ တစ်မျိုးလေးပိုပြီးချစ်ဖို့ကောင်းသွားခဲ့ပြန်ပါပြီနော်။ကဲ... ချစ်ပရိတ်သတ်ကြီးကော သူမကိုဆံပက်အရှည်လေးနဲ့ လိုက်တယ်ထင်လား ဒါမှမဟုတ် အတိုလေးနဲ့ပိုချစ်ဖို့ကောင်းတယ်ထင်လား ဖြေသွားကြအုန်းနော်...

Source : Moe Myint Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။