ရင်ခုန်ချင်စရာကောင်းအောင် လှလွန်းသူလေး ယုသန္တာတင်တစ်ယောက် ကိုရီးယား နိုင်ငံကို အလည်အပတ်ရောက်ရှိလို့နေပါတယ်။ မကြာခဏ ဆိုသလို နိုင်ငံခြားခရီးစဉ်တွေ သွားတတ်ပြီး ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတတ်သူတစ်ယောက်ပါပဲ။ ချစ်စရာ ကောင်းတဲ့ အပြုံးလေးတွေနဲ့ ပရိသတ်တွေကို ရင်အေးစေသူတစ်ယောက်ပါပဲ။ အနုပညာ ပျိုးခင်းရဲ့တက်သစ်စလေးအဖြစ်ကနေ သူမရဲ့ကြိုးစားမှုကြောင့် အနုပညာလောကမှာ နေရာတစ်ခုကို ခိုင်ခိုင်မာမာရရှိထားပြီပဲဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့အတူတူ ခရီးတွေထွက်ပြီး ပျော်ပျော်နေတတ်သူတစ်ယောက်ပါပဲ။ သူမရဲ့ကိုရီးယားခရီးစဉ်မှာ ရင်ခုန်ဖွယ်ပုံရိပ်လေးတွေကို မပြတ်တင်ပေးနေပြီး ဒီတစ်ခေါက်မှာလည်း ကိုရီးယားရိုးရာဝတ်စုံလေးနဲ့ ကိုရီးယားနန်းတော်ထဲကို လှည့်လည်ဓာတ်ဖမ်းနေတဲ့ သူမရဲ့ချစ်စဖွယ် ပုံရိပ်လေးတွေကို တင်လိုက်တာပဲဖြစ်ပါ တယ်။ တကယ့်ကိုရီးယားမင်းသမီးလေးလိုပါပဲ ပရိသတ်ကြီးရေ။

သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးကို " နန်းတော်ထဲ လှည့်လည်ကြည့်ရှုမွှေနှောက်စဉ် " ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ အပြုံးလေးတွေက ရွှင်ပြပြီး မြင်သူတိုင်းကိုစိတ်အေးချမ်း စေလောက်တဲ့ ယုသန္တာတင်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo - Yu Thandar Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။