ချစ်စရာကောင်းတဲ့ သရုပ်ဆောင်ပီပြင်ပိုင်နိုင်တဲ့ ပရိတသတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ သဉ္ဇာနွယ်ဝင်းက ရုပ်ရှင်လောကမှာအောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်တွေရဲ့ အခိုင်အမာအားပေးမှုတွေကို ရရှိထားတဲ့ သူတစ်ဦးပါ။ ချစ်စရာအပြုံးလေးနဲ့ ခပ်အေးအေးနေတတ်တဲ့ သူမရဲ့ ပုံစံလေးတွေက ပရိသတ်တွေကို ထူးခြားစွာ ဆွဲဆောင်ထားတဲ့ မင်းသမီးတစ်ဦးပါ။

လက်ရှိမှာတော့ ကိုယ်ချစ်ရတဲ့ သူနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ခဲ့ပြီး အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေတဲ့ သဉ္ဇာနွယ်ဝင်းကို မြင်တွေ့ရမှာပါ။ ပရိသတ်အချစ်တော် သဉ္ဇာနွယ်ဝင်းက ချစ်စရာကောင်းပြီး ပျော်ပျော်နေတတ်တဲ့ သားဦးလေးကို မွေးဖွားပြီးနောက်မှာ မိခင်ကောင်း တစ်ယောက်ရဲ့ တာဝန်တွေကို ကျေပွန်ခဲ့ပြီး သားလေးကို လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် ယခုအချိန်ကတည်းက ပြုစုစောင့်ရှောက်နေတာကိုလည်း မြင်တွေ့ရမှာပါ။

မေမေရဲ့ အုပ်ထိန်းမှုအောက်မှုအောက်မှာ ပျော်ပျော်နေတတ်တဲ့ ကလေးလေးတစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အသည်းကျော်လေးဖြစ်နေတဲ့ Peach လေးက အရမ်းကို လည်တဲ့ အရွယ်ကိုတောင် ရောက်ရှိနေပါပြီ။ ယခုလည်း ဖေဖေ့ပေါင်ပေါ်မှာထိုင်ပြီး ကားမောင်းနေရလို့ အရမ်းတွေပျော်နေတဲ့ Peachလေးရဲ့ အသည်းယားစရာကောင်းတဲ့ ဗီဒီယိုလေးကို ပရိသတ်တွေအတွက် ဝေမျှလိုက်ရပါတယ်။

Source:Thinzar Nwewin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။