Justin Bieber တစ်ယောက် သီချင်းတွေမဆိုခဲ့တာ အချိန်တွေတောင်ကြာခဲ့ပြီပဲလေနော်။ လတွေအချိန်တွေ တော်တော်များများကြာပြီတော့ ခုချိန်မှာမှ သူလဲသီချင်းတွေပြန်ဆိုတော့တယ်။ သူရဲ့ကျန်းမာရေးကိုလဲ ပြီးခဲ့တဲ့အချိန်တွေမှာ ကုသမှုတွေခံယူခဲ့ပြီး သူလဲကျန်းမာရေးကို အထူးတလည် ဂရုစိုက်ခဲ့ပါတယ်။ ခုချိန်မှာတော့ အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ JB ဟာ Lil Dicky နဲ့အတူ သီချင်းသစ်ထွက်ရှိလာတော့မှာပဲဖြစ်ပါတယ်။  

အစီအစဉ်တစ်ခုမှာ အသက် ၃၁နှစ်ရှိပြီဖြစ်တဲ့ Lil Dicky ဟာ ခုထွက်ရှိလာမဲ့ သီချင်း Video အသစ်နဲ့ပတ်သတ်ပြီး အနည်းငယ် ထုတ်ဖော်ပြောပြခဲ့ကာ Bieber ကအဲ့ Video ထဲမှာ မျောက်တစ်ကောင်အနေနဲ့ပါဝင်မှာဖြစ်ပါတယ်။ ခုထွက်ရှိလာမဲ့သီချင်းက တကယ့်ကို ဒီနှစ်အတွက် အကောင်းဆုံးသီချင်းဖြစ်လာမယ်လို့ အနုပညာရှင်တော်တော်များများက သိထားကြပါတယ်။ သီချင်းထဲမှာ သဘာဝတရားကြီးရဲ့ အကြောင်းတွေ အကုန်ပါကာ ဘယ်လို ကယ်တင်ရမလဲဆိုတာကိုပါ ထည့်သွင်းတီဆိုထားပါတယ်။  

သီချင်းထဲမှာ JB နဲ့ Ariana Grande တို့က တိရစ္ဆာန်အကောင်တွေအဖြစ် ပါဝင်မှာဖြစ်ပါတယ်။ JB ကလဲ သူသီချင်းထဲမှာပါဝင်သရုပ်ဆောင်ထားတဲ့ မျောက်အကြောင်းနဲ့ပတ်သတ်ပြီး ပြောပြခဲ့ပါသေးတယ်။ Ariana ကတော့ မြင်ကျားမလေးတစ်ကောင်အဖြစ် ပါဝင်လို့ထားပါတယ်။ Lil Dicky ကလဲ ဒီခုထွက်မဲ့ သီချင်းက ကမ္ဘာကြီးကို ကယ်တင်ဖို့အကြောင်းပဲလိုပြောပြခဲ့ပါတယ်။ သီချင်းထဲမှာ နာမည်ကြီးတဲ့ အနုပညာရှင်တွေလဲ ပါဝင်လာမှာပါ။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။