ပရိသတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မယ်လိုဒီကတော့ အနုပညာလောကထဲမှာ ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေတဲ့မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။မယ်လိုဒီရဲ့ ဇာတ်ကားတွေက တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်ရဲ့ အားပေးနှစ်ခြိုက်မှု့ကို ရရှိခဲ့ပါတယ်။မယ်လိုဒီက ကြော်ငြာတွေအများအပြားမှာလည်း ပါဝင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး ဇာတ်ကားတွေမှာလည်း အိုင်တင်ကောင်းတဲ့မင်းသမီးတစ်ယောက်လည်းဖြစ်သလို သီချင်းဆိုရင်လည်း အသံပါရမီပါသူတစ်ယောက်ဖြစ်ပါတယ်။

မယ်လိုဒီက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး ပွဲတွေတက်တာကိုပဲလက်ခံနေပါတယ်။အိမ်ရှင်မကောင်းတစ်ယောက်ပီသစွာနဲ့ အိမ်ရဲ့လိုအပ်မှုမှန်သမျှကို လစ်ဟာမှု့မရှိအောင် ဆောင်ရွက်နေတဲ့သူပဲဖြစ်ပါတယ်။ယခုဆိုရင် သားသားလေး သိန္ဒိစစ်ကို မွေးဖွားထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးဘဝကိုပိုင်ဆိုင်ထားပါတယ်နော်။မယ်လိုဒီက အရမ်းချစ်ရတဲ့ သားသားလေးကိုလည်း ထူးချွန်ထက်မြက်အောင် သင်ကြားပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

သားလေးကလည်း လိမ္မာရေးခြားရှိပြီး ဉာဏ်ကောင်းထက်မြတ်လို့ ပရိသတ်တွေပါ အရမ်းချစ်နေရတာပါ။သိန္ဒိစစ်လေးက ကျောင်းမှာလည်း ဆုတွေရပြီး စာတော်လို့ မေမေ့အတွက်ကတော့ မျက်နှာပွင့်ရတဲ့ သားလေးဖြစ်ပါတယ်နော်။မယ်လိုဒီတို့မိသားစုလေးက သာယာအေးချမ်းစွာနဲ့ လျှောက်လှမ်းနေကြပြီး ပျော်ရွှင်ချမ်းမြေ့တဲ့ မိသားစုလေးပါနော်။အခုဆိုရင်တော့ မေမေမယ်လိုဒီက ခင်ပွန်းဖြစ်သူနဲ့ သားလေးနဲ့အတူ လည်ပတ်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။

Source:Melody Myo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။