၂၀၁၈ခုနှစ်အတွက် "ရွှေကြာဇာတ်ကား" အဖြစ် အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုရရှိခဲ့တဲ့ အကယ်ဒမီများဆုရှင်ဖွေးဖွေးကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်...။ ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းတာဖြစ်ပြီး လူတိုင်းအပေါ်ရိုးသားပွင့်လင်းတဲ့အတွက်ကြောင့် တတိုင်းပြည်လုံးရှိပရိသတ်တွေက ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်....။ ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ပီပြင်သူတစ်ယောက်ဖြစ်ပြီး သရုပ်ဆောင်ဝါသနာပါသူတစ်ယောက်ဖြစ်တာမလို့ သူမရဲ့ ဇာတ်ကားကောင်းများစွာကိုသာ ပရိသတ်ကြီးအနေနဲ့ မြင်တွေ့ကြရမှာပါ...။

"သတို့သမီး" ရုပ်ရှင်ဇာတ်ကားကြီးတွင်လည်း သူမရဲ့ အံ့သြဖွယ် သရုပ်ဆောင်ချက်တွေကို မြင်တွေ့ကြရမှာပါ..။ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကို ရှုစားကြရမှာပါ...။ ပွဲလမ်းသဘင်တွေကိုလည်း ဖိတ်ကြားခြင်းခံရတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်...။ ဖွေးဖွေးဟာ ခရီးထွက်ခြင်းကိုနှစ်သက်လေ့ရှိပြီး၊ အစားအသောက်ဝါသနာပါသူတစ်ယောက်လည်းဖြစ်ပါတယ်...။ ဖွေးလေးဟာ ဘယ်လောက်ပဲစားစား ခန္ဓာကိုယ်အချိုးအစားကို ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ထိန်းသိမ်းထားနိုင်တဲ့အတွက် တစ်ကယ့်ကိုချီးကျူးစရာပင်ဖြစ်ပါတယ်...။

ဖွေးဖွေးက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း နေကာမျက်မှန်လေးနဲ့ အနက်ရောင်အမိုက်စား အင်္ကျီလေးကိုဝတ်ဆင်ထားပြီး "If you have a wide forehead, Show it!" ဆိုတဲ့ status လေးနဲ့တကွ သူမရဲ့ official facebook page တွင် ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Phway Phway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။