ပက်ပက်စက်စက်ညှို့မှာ နေတိုး နဲ့ ရွှေထူး တွဲပေးထားလို့စိတ်ပူမိကြောင်း ရုပ်ရှင်သရုပ်ဆောင်နှင့်ဒါရိုက်တာဖြစ်သူ သားညီကဆိုလိုက်ပါတယ်။

ဒါရိုက်တာသားညီက ပက်ပက်စက်စက်ညှို့မှာ

နေတိုး နဲ့ ရွှေထူးကို တွဲထားပေးတယ်လို့ ကိုဝေမင်းမောင်လာပြောတုန်းက

နည်းနည်းတော့စိတ်ပူမိကြောင်း၊ဝိတ်တန်းမတူတဲ့လက်ဝှေ့သမားနှစ်ယောက်ကို ယှဉ်ထိုးခိုင်းသလိုခံစားမိကြောင်း၊နေတိုးဆိုတာက အမူအယာအတွက် လုံးဝစိတ်ပူစရာမလိုတဲ့မင်းသား ဖြစ်နေသလိုရွှေထူးကတော့ လုံးဝအသစ်စက်စက်သရုပ်ဆောင်တစ်ယောက် ဖြစိနေကြောင်း၊

ကျွန်တော် ဖြစ်မှဖြစ်ပါ့မလားလို့ တွေးမိတယ် လို့သားညီက သူ့ဖေ့ဘွတ်မှပြောထားပါတယ်။ 

“ကားစရိုက်တဲ့အချိန်ကစပြီးကျွန်တော့်အထင်တွေအားလုံးမှားနေတယ်ဆိုတာသိလိုက်ရတယ်

နေတိုးကလက်တွဲခေါ်သလို၊ရွှေထူးကလည်း အရမ်းကြိုးစားပြီး အမှီလိုက်တယ်။

သူတို့နှစ်ယောက်ဆုံတဲ့ဇာတ်ဝင်ခန်းတွေဟာ အပေးအယူမျှမျှနဲ့ အရမ်းအသက်ဝင်လာတယ် ...

ရာဇဘွားဆိုတဲ့ဇာတ်ကောင်စရိုက်ကို ရွှေထူးအကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာ

မနေ့ညက ဇာတ်ကားကို ထပ်ကြည့်အပြီးမှာကျွန်တော်သေချာပြောနိုင်ခဲ့တယ်။

ကျွန်တော်တို့ကြည့်နေကြမဟုတ်တဲ့ အမူအယာတွေမြင်ကြရလိမ့်မယ်လို့ ကျွန်တော်အာမခံပါတယ်” လို့ဒါရိုက်တာဖြစ်သူသားညီကဆိုထားပါတယ်။ဒါ့အပြင်

လက်တွဲခေါ်ပေးခဲ့တဲ့ နေတိုးကို ကျေးဇူးအများကြီးတင်သလို ကြိုးစားအားထုတ်ပေးခဲ့တဲ့ရွှေထူးကို

အသိအမှတ်ပြု လက်ခုပ်တီးပေးလိုက်ပါတယ်လို့ သားညီက သူ့ဖေ့ဘွတ်မှာရေးထားပါတယ်။

ပက်ပက်စက်စက်ညှို့ ဇာတ်ကားကို ဇာတ်လမ်း ဇာတ်ညွှန်း မိုးနီလွင်က ရေးသားပေးထားပြီး ဒါရိုက်တာ သားညီက ရိုက်ကူးပုံဖော်မှာ ဖြစ်ကာ အဆိုပါဇာတ်ကားထဲတွင် အကယ်ဒမီနေတိုး ၊ရွှေထူး မိုးစက်ဝိုင် တို့က အဓိကပါဝင် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ 

ဒါရိုက်တာသားညီရေးထားတဲ့ အဆိုပါစတေးတပ်အောက်မှာ “ကိုသားညီစိတ်ရှည်လက်ရှည်နဲ ့သင်ကြားပေးမှုတွေလည်းအများကြီးပါလို ့ပါဗျာ ... ကျေနပ်တယ် ..”

လို့ရွှေထူးက အောက်မှာဝင်မန့်ထားပါတယ်။

Source: သားညီဖေ့ဘွတ်

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။