ပရိသတ်ကြီးရေ.. ပီပြင်ပိုင်နိုင်တဲ့ သဘာဝဇာတ်ရုပ်တွေကြောင့် ပရိသတ်တွေရဲ့ တခဲနက် အားပေးဝန်းရံမှုတွေနဲ့အတူ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ အနုပညာရှင်ကတော့ ဝါရင့်သရုပ်ဆောင်မင်းသား နေမျိုးအောင်ပဲ ဖြစ်ပါတယ်..။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို အားကျစရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေတာလည်း ကြည်နူးစွာ မြင်တွေ့ရပါတယ်နော်..။

ပရိသတ်တွေရဲ့ ရင်ထဲက အနုပညာရှင်တစ်ဦးဖြစ်ပြီး လှူဒါန်းမှုလေးတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတဲ့ သရုပ်ဆောင်နေမျိုးအောင်ကတော့ အခုတစ်ခါမှာလည်း နှစ်သစ်အလှူလေးတွေ ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

နှစ်သစ်အလှူလေးအဖြစ် အလိုတော်ပြည့် ဆရာတော်ဘုရားကြီးကို လှူဖွယ်ဝတ္တုငွေတွေ ကပ်လှူခဲ့သလို ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်(ရန်ကုန်)မှာလည်း အလှူငွေတွေ ထပ်မံလှူဒါန်းခဲ့ပြီး ကုသိုလ်လေးတွေ ဆက်တိုက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်..။

အေးချမ်းပြီး သာဓုခေါ်စရာအလှူပုံရိပ်လေေးတွကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားပြီး ပရိသတ်တွေသာဓုခေါ်ကုသိုလ်ယူနိုင်စေဖို့လည်း အမျှပေးဝေထားတာလည်း တွေ့ရပါသေးတယ်နော်..။

ချစ်ရတဲ့ ပရိသတ်ကြီးတွေအတွက် ဒီကနေ့လေးမှာတော့ သရုပ်ဆောင်နေမျိုးအောင်တို့ ဇနီးမောင်နှံလေးရဲ့ ကြည်နူးစရာ အလှူပုံရိပ်လေးတေါကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - နေမျိုးအောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။