Lady Gaga ဟာဆိုရင် ကမ္ဘာပေါ်မှာ အကောင်းဆုံးသော အသံကို ပိုင်ဆိုင်ထားတယ်လို့ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးအဆိုတော်တွေထဲက တစ်ယောက်ဖြစ်တဲ့ Celine Dion ကပြောပြခဲ့ပါတယ်။ နှစ်ယောက်စလုံးကို ပရိသတ်ကြီး ကောင်းကောင်းသိမယ်ထင်ပါတယ်....သူတို့နှစ်ယောက်လုံးကိုလဲ အားပေးကြမယ်လို့ ထင်ပါတယ်။ Celine Dion ရဲ့အသက်ဟာလဲခုချိန်မှာ ၅၁နှစ်ရှိပြီပဲဖြစ်ပါတယ်။ သို့သော်လဲ သူမရဲ့အသံဟာလဲ ယနေ့တိုင်ထိ ကောင်းနေဆဲပါပဲ။ 

Celine ဟာ Lady ကို Time မဂ္ဂဇင်းရဲ့ 100 Most Influential People feature ဆိုတဲ့ ခေါင်းစဉ်အတွက်ခုလိုပဲ ရေးခဲ့ပေးပါတယ်။ ' ကျွန်မ Lady Gaga ကိုကြိုက်နှစ်သက်ပါတယ်...ပြီးတော့ သူမမှာ ကမ္ဘာပေါ်ကအကောင်းဆုံး အသံကိုပိုင်ဆိုင်ထားတယ်လို့ ကျွန်မထင်ပါတယ်...သြဇာပြည့်လျှမ်းတယ်၊ ဘဝင်ကျတယ်၊ ချစ်စိတ်ပြင်းပြတယ် ပြီးတော့ စာနာတတ်တယ် ' ဆိုပြီး ရေးခဲ့ပါတယ်။ ပရိသတ်ကြးရော Lady Gaga ကိုဘယ်လိုမြင်လဲ.....။ 

Lady Gaga ဟာဆိုရင်လဲ ခုချိန်မှာ A Star Is Born ဆိုတဲ့ကားထဲက Shallow ဆိုတဲ့ သီချင်းနဲ့ Oscar ဆုကိုရရှိထားပါတယ်။ သူမဟာဆိုရင်လဲ အမြဲတမ်းနီးပါ ခေတ်ရှေ့ပြေးတဲ့ Fashion တွေနဲ့ စင်ပေါ်မှာ ဖျော်ဖြေခဲ့ပြီး သီချင်းဗီဒီယိုတွေထဲမှာလဲ အဆန်းအပြားတွေနဲ့ လူတွေကြားထဲမှာ နာမည်ကြီး ကျော်ကြားခဲ့ပါတယ်။ Celine ဟာလဲ အသက်ကြီးသွားပေမဲ့ ခုချိန်ထိ သီချင်းတွေတီဆိုနေဆဲဖြစ်ကာ Deadpool 2 ထဲက သီချင်းဖြစ်တဲ့ Ashes သီချင်းဟာလဲ အောင်မြင်ခဲ့ပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။