ပရိသတ်ကြီးရေ ယခုချိန်မှာဆိုရင် အနုပညာလောကမှာ မင်းသမီးကြီးတစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့ ထွန်းအိန္ဒြာဗိုလ်ကတော့ တစ်ခေတ်တစ်ခါတည်းက အနုပညာလောကမှာ တမူထူးခြားခဲ့တဲ့ မင်းသမီးတစ်လက်ပါနော်။ငယ်ငယ်ကတည်းက သူမတူတဲ့ဒီဇိုင်းတွေနဲ့ ထူးခြားတဲ့ အိုင်တင်သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေ အရမ်းကြိုက်ခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုလ်က ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ချစ်ရတဲ့ခင်ပွန်းကလည်း ဇနီးသည်ကို အများကြီး ကူညီဖေးမနားလည်ပေးသလို သားလေးကလည်း ထူးချွန်ထက်မြတ်ပြီး လိမ္မာရေးခြားရှိတဲ့ သားလေးပါ။ထွန်းအိန္ဒြာဗိုလ်က အခုချိန်ထိလည်း အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့ အချစ်တွေအများကြီးကို ပိုင်ဆိုင်ထားဆဲပါနော်။

ထွန်းအိန္ဒြာဗိုလ်ရဲ့ မိသားစုက စိတ်တူကိုယ်တူဖြစ်ကြလို့ ခရီးတွေထွက်ရတာလည်း ဝါသနာပါကြပြီး အားလပ်ရက်တွေတိုင်း ခရီးတွေ ထွက်ကြပါတယ်။ထွန်းအိန္ဒြာဗိုလ်က အလှူအတန်းဆိုလည်း တတ်နိုင်သလောက်ကို လှူဒါန်းနေတဲ့သူဖြစ်လို့ အခုဆိုရင်လည်း ချစ်အစ်မကြီးမိသားစုတို့နဲ့အတူ ထွန်းအိန္ဒြာဗိုလ်က ရေတကယ်လိုအပ်နေတဲ့ နေရာကို သွားရောက်ပြီး သောက်သုံးရေယာဉ်နဲ့ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါရစေနော်။

Source:Htun Aeindra Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။