မြန်မာပြည်မှာနေတဲ့ ဂျာမနီဖွား အဆိုတော်လေး Mikis Weber ကတော့ ကောင်မလေးတွေသဲသဲလှုပ်ဝန်းရံခံရသူလေးမို့ ပ&dသတ်တွေ မသိတဲ့သူမရှိသလောက်ပါပဲ။ Mikis ကတော့ မြန်မာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ပြီး မြန်မာ အစားသောက်တွေကို ကြိုက်တတ်တဲ့ မစ်ကီလေးကို ပရိသတ်တွေက အရမ်းကိုချစ်ခင်အားပေးကြပါတယ်။ 

Mikis ဟာ မြန်မာပြည်မှာ သီချင်းလေးတွေ လုပ်နေပြီး ကြော်ငြာမဂ္ဂဇင်းဓာတ်ပုံလေးတွေတောင် လက်ခံရိုက်ကူးနေရ သူဖြစ်ပါတယ်။ Mikis ကတော့ မြန်မာမလေးဖြစ်တဲ့ ဆုဆုဝင်းနဲ့ ချစ်ကြိုးသွယ်နေတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ပရိသတ်တွေကလဲ Mikis တို့စုံတွဲကို သဘောတူကြပြီး လိုက်ဖက်တဲ့စုံတွဲလေးဖြစ်ကာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိနေခဲ့ပါတယ်။ 

ယနေ့မှာတော့ Mikis က GYM Trainer တစ်ဦးဖြစ်တဲ့ မြန်မာမလေး စုစုဝေနဲ့ ချစ်ကြိုက်နေသလို ပရိသတ်တွေကလည်း သူတို့စုံတွဲလေးကို ချစ်ခင်ကြပါတယ်။ ယနေ့မှာတော့ MIKISတို့စုံတွဲလေးဟာ ငွေဆောင်ကမ်းခြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက့် MIKISတို့စုံတွဲလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

SOURCE: Su Su Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။