တစ်ကမ္ဘာလုံးကပရိသတ်တွေစိတ်ဝင်စားဆုံးဖြစ်တဲ့ချန်ပီယံလိဒ်ပြိုင်ပွဲကတော့ကွာတားဖိုင်နယ်ပွဲစဉ်တွေပြီးဆုံးသွားခဲ့ပါပြီ။ဆီမီးဖိုင်နယ်ပွဲစဉ်တွေကိုတော့မေလ၁ရက်နေ့မှာကစာကြမှာဖြစ်ပြီးပရိသတ်တွေစိတ်အဝင်စားဆုံးပွဲစဉ်တွေပါဝင်နေတာဖြစ်ပါတယ်။စပိန်ထိပ်သီးဘာစီလိုနာအသင်းနဲ့ချန်ပီယံလိဒ်မှာသမိုင်းကြောင်းအခိုင်အမာရှိထားတဲ့လီပါပူးအသင်းတို့တွေ့ဆုံနေတာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်ကတော့တစ်ကမ္ဘာလုံးကပရိသတ်တွေစိတ်အဝင်စားဆုံးဖြစ်နေတာပါ။လီပါပူးအသင်းဟာပထမအကျော့ကိုတော့ဘာစီအိမ်ကွင်းမှာကစားရမှာဖြစ်တာကြောင့်အဝေးကွင်းမှာရလဒ်ကောင်းရဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။ပါပူးအသင်းဟာမနှစ်ကလည်းချန်ပီယံလိဒ်ဖိုင်နယ်ကိုတက်ရောက်ဘူးတဲ့အသင်းဖြစ်ပြီးကံမကောင်းလို့သာဆုဖလားနဲ့ဝေးကွာခဲ့တာဖြစ်ပါတယ်။

ဒီနှစ်သင်းအားပြိုင်မှုကိုတော့ပရိသတ်တွေကယခုအချိန်ကလည်းကစိတ်တွေလှုပ်ရှားနေကြပြီဖြစ်ပါတယ်။ဘာစီလိုနာအသင်းကိုလည်းနိုင်တဲ့အသင်းကရှားပါးတာကြောင့်ဒီနှစ်သင်းအားပြိုင်မှုကိုရင်ခုန်စွာနဲ့စောင့်မျှော်ရင်းအားပေးကြပါဦးနော်။

PHOTO:GOOGLE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။