သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာလောကမှာလျှောက်လှမ်းအောင်မြင်နေတဲ့ အကယ်ဒမီဆုပိုင်ရှင်တစ်ဦး ဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာ အပိုအလိုမရှိအောင် ထူးချွန်တဲ့ သုသုက မကြာသေးခင်ကလည်း Star Awards ဆုပေးပွဲကြီးမှာ " Best Actress in a leading role " ဆုကို ဆွတ်ခူးရရှိနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သုသုက ဒါရိုက်တာ ဏကြီးက ချစ်ဇနီးချောလေးလည်း ဖြစ်ပါတယ်။

အခုလည်း သုသုက အရမ်းကို ဝမ်းသာဂုဏ်ယူဖို့ကောင်းတဲ့ သတင်းတစ်ခုအတွက် ခင်ပွန်းဖြစ်သူကို ချီးကျူးစကားဆိုထားပါတယ်။ ဒါကတော့ ဒါရိုက်တာ ဏကြီးရိုက်ကူးပြီး မင်းသမီး သုသုနဲ့ နေတိုးတို့အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ " မီ " ရုပ်ရှင်ဇာတ်ကားကြီးက နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တစ်ခုမှာ ထည့်သွင်းရွေးချယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ " မီ " ရုပ်ရှင်ဇာတ်ကားကြီးက " Asean International Film Festival & Awards " ရဲ့ ဆန်ကာတင် (၂၅) စာရင်းမှာ ပါဝင်လာတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သုသုက " ဘာပဲဖြစ်ဖြစ် ကိုဏကြီးရဲ့ ပထမဦးဆုံးရုပ်ရှင်ကားကြီးက နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုမှာ Bad Geniusesတို့ လိုနိုင်ငံတကာမှာပေါက်ထားတဲ့ကားတွေနဲ့ယှဉ်ပြီး ဆန်ကာတင်၂၅ကားထဲ ထည့်သွင်းရွေးချယ်ခံရတာနဲ့တင် ဂုဏ်ယူနေပါပြီ သုသုတို့ 'မီ' နဲ့အတူ ဆန်ကာတင်အဖြစ်ရွေးချယ်ခြင်းခံထားရတဲ့ 'ရွှေကြာ'ဇာတ်ကားအတွက်လည်း သုသုဆရာ ကိုဝိုင်း မဖွေး အလင်းရောင် မသင်ဇာတို့နဲ့တကွ ရွှေကြာ အဖွဲ့သားများအားလုံးအတွက်ထပ်တူဝမ်းမြောက်ဂုဏ်ယူပါတယ်" ဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်။

Source:Paing Phyoe Thu & Asean International Film Festival & Awards;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။