မင်းသမီး Megan Fox ကိုပရိသတ်ကြီး သိမယ်လို့ထင်ပါတယ်။ သူမဟာဆိုရင်ကမ္ဘာကျော်ကားတစ်ကားဖြစ်တဲ့ Transformer ဆိုတဲ့ စက်ရုပ်ကားထဲမှာ မင်းသမီးတစ်ယောက်အဖြစ်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အဲ့ကားထဲမှာဆိုရင် ပရိသတ်ကြီး သူမရဲ့အလှတရားထဲ နစ်မြုပ်ဖူးမယ်လို့ထင်ပါတယ်။ သူမဟာ Transformer ကားအပြင် နောက်ထပ် နာမည်ကျော်ကားတစ်ကားဖြစ်တဲ့ Teenage Mutant Ninja Turtles ဆိုတဲ့ လိပ်နင်ဂျာကားထဲမှာလဲ ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

သူမရဲ့ယောကျ်ားဖြစ်သူကတော့ Brain Austin Green ပဲဖြစ်ကာ သူမမှာ ကလေး၃ယောက်ရှိပါတယ်။ မထင်ရဘူးနော် ကလေး၃ယောက်အမေလှချက်က မြင်သူငေးရလောက်တယ်။ ခုဆိုရင်တော့ သူတို့နှစ်ယောက်ဟာ ခုထွက်ရှိလာမဲ့ Dakota ဆိုတဲ့ရုပ်ရှင်ထဲမှာ ပထမဆုံးအနေနဲ့ မိသားစုဇာတ်ရုပ်လေးကို အဲ့ကားထဲမှာ ဖော်ထုတ်ပြသွားမှာဖြစ်ပါတယ်။ ကားဟာဆိုရင်တော့ မိသားစုကား သက်သက်မဟုတ်ပဲ action နဲ့ adventure တွေပါတဲ့ ကားတစ်ကားဖြစ်မှာပါလို့ သတင်းဌာနတစ်ခုကပြောပြခဲ့ပါတယ်။ 

အဲ့ကားရိုက်မဲ့ ဒါရိုက်တာကတော့ Bernie The Dolphin ဆိုတဲ့ကားကိုရိုက်ကူးခဲ့တဲ့ Kirk Harris ကရိုက်ကူးမှာဖြစ်ပြီး ဇာတ်ညွှန်းရေးဆရာကတော့ ပရိသတ်တွေအကြိုက် စိတ္တဇ လူသတ်သမားကားဖြစ်တဲ့ I Still Know What You Did Last Summer ကားဇာတ်ညွှန်းရေးသူ Johnny Harrington ကရေးမှာဖြစ်ပါတယ်။ အဲ့လိုဆိုရင်တော့ ကားဟာ တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းလာပါပြီ။ ကားထဲမှာတော့ မင်းသမီးက ယောကျ်ားကစစ်ပွဲထဲမှာ သေဆုံးခဲ့ပြီး တစ်ယောက်ထဲ မြို့ငယ်လေးမှာ နေထိုင်နေတဲ့ Kate ဆိုတဲ့နာမည်နဲ့ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။