လမ်းမပေါ်က ကြော်ငြာဆိုင်းဘုတ်မှာ အပြာကား လွှင့်ခဲ့သောကြောင့် ထောင်ချခံရ

၂၄နှစ်ရှိပြီဖြစ်တဲ့ IT ပညာရှင်တစ်ယောက်ဟာ electronic billboard ကို hack ပြီး အပြာကားလွှင့်ခဲ့တာကြောင့် ထောင်ဒဏ် ၆နှစ်အများဆုံး ကျခံနို်င်ဖွယ်ရာရှိနေပါတယ်။ သောကြာနေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ “Watch Tokyo Hot” ဆိုတဲ့ အပြာကားကို ၁ဝမိနစ်ကြာ မြို့လည်ခေါင်က ကြော်ငြာဆိုင်းဘုတ်မှာ လွှင့်ပြီး တော်တော်များများ အံ့သြသင့်သွားခဲ့ကြပါတယ်။ ရဲတွေနဲ့ cybercrime ကျွမ်းကျင်သူတွေ ပူးပေါင်းပြီး အင်္ဂါနေ့မှာတော့ ပြုလုပ်ခဲ့တဲ့ IT ပညာရှင်ကို သူ့ရုံးခန်းမှာ သွားဖမ်းခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အပြာကား website တွေကို ပိတ်ပင်ထားပြီး ချစ်ကြိုက်ခန်းတွေကို လွှင့်ရင်တောင် မှုန်ဝါးထားရပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။