အမေရိကန်နိုင်ငံသား ချက်ဒ်အယ်ဝါတိုးစကီးနဲ့ သူမရဲ့ချစ်သူမိန်းကလေး ဆူပရာနီးသက်ပ်ဒက်ထ်တို့ဟာ နေထိုင်ဖို့အတွက် ထိုင်းနိုင်ငံ ဖူးခက်ကမ်းရိုးတန်းကနေ ၁၃ မိုင်ကောက်အကွာရှိတဲ့ ရေပြင်မှာ ရေပေါ်အိမ်တလုံးကို ဆောက်လုပ်နေထိုင်ခဲ့ကြတယ်လို့ သတင်းတပုဒ်အရသိရပါတယ်။

သို့ပေမယ့် ထိုင်းရေတပ်ကတော့ သူတို့အခုလို ရေပေါ်အိမ်ဆောက်လုပ်နေထိုင်တာဟာ ထိုင်းနိုင်ငံရဲ့ အချုပ်အချာအာဏာကို ထိပါးချိုးဖောက်ခဲ့တာဖြစ်တယ်လို့ စွဲချက်တင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာဆိုရင် ၎င်းစုံတွဲဟာ ထွက်ပြေးတိမ်းရှောင်နေပြီး အရာရှိတွေ ၎င်းအိမ်ကို ရှာတွေ့ခဲ့ချိန်မှာလည်း အိမ်ထဲမှာ သူတို့ရှိမနေခဲ့ဘူးလို့ သိရပါတယ်။

ထွက်ပြေးတိမ်းရောင်နေတဲ့ ၎င်းစုံတွဲကတော့ ဒီ ရေပေါ်အိမ်ဆောက်လုပ်မှုအတွက် သက်ဆိုင်ရာဆီက ခွင့်ပြုချက်တစုံတရာ ယူခဲ့တာမျိုးလည်း မရှိတာမို့ ခုလို ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးချိုးဖောက်တာမျိုးဟာ ထောင်ဒဏ်တသက်တကျွန်း၊ ဒါမှမဟုတ် သေဒဏ်ထိ ချမှတ်ခံရနိုင်ပါတယ် လို့ သိရပါတယ်။

သို့ပေမယ့့် အယ်လ်ဝါတိုးစကီးကတော့ ဒီအိမ်ဟာ ကမ်းရိုးတန်းကနေ ၁၃ မိုင်အကွာမှာ ရှိနေတာဖြစ်လို့ ထိုင်းရေပိုင်နက်နဲ့ မဆိုင်ဘဲ တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ ပြောကြားထားကြောင်း သိရပါတယ်။

ဒါ့အပြင် ပင်လယ်သမုဒ္ဒရာတွင်း ရေပေါ်အိမ် ဆောက်လုပ်သူများအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အဲဒီစုံတွဲဟာ ဒီရေပေါ်အိမ်ကို ဆောက်လုပ်ခဲ့ကြတာမဟုတ်ဘဲ ငှားရမ်းနေထိုင်ခဲ့တာသာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်လို့ သိရပါတယ်။  

source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။