အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ရာဟု ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ အစိုးရသစ် အကြီးအကဲအဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရတယ်လို့သိရပါတယ်။

သူ့ကိုအမည်စာရင်းသွင်းပေးခဲ့တာကတော့ အစ္စရေးသမ္မတ ရော်ဗင်န် ရီဗလင်ကိုယ်တိုဖြစ်ပြီး နေတန်ယာဟုဟာ လွတ်တော်အမတ်အများစုရဲ့ ထောက်ခံမှုကို ရရှိခဲ့တာကြောင့် အမည်စာရင်းသွင်းပေးခဲ့တာပဲဖြစ်ပါတယ်။

အစ္စရေးအစိုးရရှေ့နေချုပ် အာဖီရှေ့ မန်ဒယ်လ်ဘလီဟာဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက နေတန်ယာဟုကို လာဘ်စားတဲ့ ပြစ်မှုသုံးခုနဲ့ တရားစွဲဆိုဖို့ရှိတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

သို့ပေမယ့် ဝန်ကြီးချုပ်နေတန်ယာဟုကတော့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြိုင်ဘက်တွေကို အနိုင်ပါရရှိခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း နေတန်ယာဟုဟာ အစိုးရဖွဲ့စည်းရေးကို အပြီးသတ်လုပ်ဆောင်ဖို့ အချိန် ၂၇ ရက်လောက်သာကျန်ရှိတော့တာပဲဖြစ်ပါတယ်။

အကယ်၍ အစိုးရဖွဲ့တာသာ အောင်မြင်ခဲ့တယ်ဆိုရင် နေတန်ယာဟုဟာ သက်တမ်းအရှည်ကြားဆုံး ဝန်ကြီးချုပ်အဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်တယ်လို့ လည်း သိရပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။