မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးချောလေး အူဝဲကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေဆက်တိုက်ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူမရဲ့ပရိသတ်တွေဟာလည်း ထွက်သမျှဇာတ်ကားတိုင်းကိုတစ်ခဲနက်အားပေးကြတာလည်း ဖြစ်ပါတယ်။ 

စမတ်ကျလှပသော အမိုက်စားဖက်ရှင်များနဲ့ ဖက်ရှင်ဘုရင်မလို့ ခေါ်ထိုက်ရလောက်အောင် သူမရဲ့ဖက်ရှင်များဟာလည်း အမြဲတမ်းဆန်းသစ်လှပနေတာလည်း ဖြစ်ပါတယ်။ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသလို မင်းသားပြေတီဦးနဲ့လည်း အိမ်ထောင်သက် ၇ နှစ်ကျော်ကို ဖြတ်သန်းရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ အခုဆိုရင် သမီးလေး ပြေသုန္ဒြာ ၊ သားလေး ပြေဓီရတို့နှင့်အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။

မင်းသမီးချောလေးအူဝဲရဲ့ဖက်ရှင်တိုင်းဟာလည်း လူတိုင်းလည်ပြန်ငေးရလောက်အောင် မိုက်လွန်းနေတာပါ။ သူမကိုဒီလိုလှပအောင်ဆင်မြန်းပေးသူကတော့ သူမရဲ့အမအိကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူတို့ညီအစ်မနှစ်ယောက်ဟာလည်း တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ခင်ကြတာပါ။ အခုတဟ်ခေါက်မှာလည်း သူမတို့ညီအစ်မနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုမေတိုးခိုင်ရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်ဝေမျှထားတာမို့လို့ ပရိသတ်ကြီးလည်း အားပေးကြပါဦးနော်။

Source- May.tk7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။