ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ရန်ကုန်မြို့သို့ကားအော်ဒါငှားသူ အမျိုးသမီးတစ်ဦး၏ပစ္စည်းများမှ မသင်္ကာဖွယ်ဖြစ်ကြောင်း ယာဉ်မောင်းမှကားရပ်၍လှည့် ကင်းရဲအဖွဲ့အား သတင်းပေး ပို့တိုင်ကြားရာမှ လူသတ်မှုတစ်ခုပေါ်ပေါက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါကားငှားလာသူ အမျိုးသမီးမှာဒေါ်နေဝါစိုး(ခ)ဒေါ်ဖြူခိုင်ဖြစ်ပြီးပဲခူးမြို့ အမှတ်(၁၅၈)၊ဗိုလ်မင်းသိမ်း(၂)လမ်း၊ဟံသာဝတီရပ်ကွက်တွင်နေထိုင်သူဖြစ်ကြော ာင်းသိရပြီး လွန်ခဲ့သောတစ်နှစ်ခန့်က အိမ်ထောင်ကွဲနေသည့်ခင်ပွန်းဖြစ်သူ ဦးထွန်းမင်းဦးဦးစီးအရာရှိ၊ဆည်ေမြာင်းတည်ဆောက်ရေး(၂)၊ရွှေတံခါးရပ်ကွက်၊ပြည်မြို့

ရှိ ဌာနပိုင်နေအိမ် ဦးထွန်းမင်းဦး၏ နောက်အိမ်ထောင် မသိင်္ဂီဝင်း၊ပြည်နည်းပညာတက္ကသိုလ်မှ စက်မှုဘာသာရပ်ပြကျောင်းဆရာမ တစ်ဦးတည်းရှိနေစဉ် ဧပြီ(၅)ရက်

နေ့ ည(၁၀)နာရီအချိန်ခန့်သွားရောက်စကားပြောရာမှ ဧည့် ခန်းတွင်လုံးထွေးသတ်ပုတ်ရန် ဖြစ်ကြပြီးအသင့်ေတွ့ရှိသောအရိုး(၉)လက်မခန့်ရှိတစ်မတ်လုံးသံရိုးတပ်တူ ဖြင့်ဦးခေါင်းနောက်စေ့ယာဘက်အား တစ်ချက်ထုခဲ့ကြောင်း ထို့နောက်အလောင်းအားအစိမ်းရောင်တိပ်များဖြင့် ပတ်ကာထုတ်ပိုးပြီး ကားကိုရန်ကုန်သို့ငှားကာ ပစ္စည်းနှင့်အလောင်းအားတင်၍ထွက်ခဲ့စဉ်လှည့်ကင်းနှင့်တွေ့ခဲ့ကြောင်းသတင်းရင်းမြစ်ကနေ ရေးသားထားခဲ့ပါတယ်။ ထို့ကြောင့်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်မြို့မရဲစခန်း ဒုရဲမှူးစခန်းမှူးတင်ကိုမှ တရားလိုပြုလုပ်တိုင်တန်း ချက်အရပြည်မြို့မရဲစခန်း(ပ)အမှတ် ၈၃၁/၂၀၁၇ ၊ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၀၁အရအမှုဖွင့်ဆောင် ရွက်ထားရှိကြောင်း သိရှိရပါတယ်။ 

“ကျွှန်တော်တို့လှည့်ကင်းအဖွဲ့ကကျောက်ရုပ်ဘက်ကနေ လှည့်ကင်းလှည့်လာတော့SMILE MOTEL ရှေ့မှာ ကားအဖြူတစ်စီးကတားတော့ရပ်ပြီးဘာကူညီရမလဲမေးတယ်။ကားဆရာက သူ့ကားပေါ်ပါလာတဲ့ပစ္စည်းတွေကိုမသင်္ကာလို့ စစ်ဆေးပေးဖို့ပြောလို့စခန်းခေါ်လာပြီး စစ်ဆေးတော့အမျိုးသမီးအလောင်းကို တိပ်တွေနဲ့ ပတ်ပြီး အိပ်ထဲထည့်လာတာကိုစစ်ဆေးတွေ့ရှိရတယ်အမျိုးသမီးကတော့ အသက်မရှိတော့ဘူး”ဟုလှည့်ကင်းအဖွဲ့ခေါင်းဆောင် ပြည်မြို့မရဲစခန်းမှ ဒုရဲအုပ်ကပြောကြားခဲ့ပါတယ်။

Source : ပြည်ခရိုင်မှုခင်းနှင့်သတင်းစုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။