လူနည်းစု တိုက်ခို်က်ထိုးနှက်တာအတွက် စိတ်ဓါတ်မကျသွားစေဖို ့ခင်ပွန်းသည်ကို ပြန်အားပေးတဲ့ ရတနာခင်

သရုပ်ဆောင် ရတနာခင်ဟာ အခြေခံလူတန်းစားတွေ ဝန်ထမ်းလေးတွေ အဆင်ပြေစေလိုတဲ့ ရည်ရွယ်ချက်နဲ ့အကျိုးအမြတ်ကို မကြည့်ဘဲ ထမင်းနှင့် ဟင်းများ အစားအစာမျိုးစုံကို ၅၀၀ ကျပ်ဖြင့်သာ ရောင်းချတဲ့ “ရွှေ” အာဟာရစားဖွယ်စုံဆိုင်ကို ဖွင့်လှစ်ရောင်းချခဲ့ပါတယ်။

ရောင်းအားကောင်းခဲ့တဲ့အတွက်လည်း ဒုတိယမြောက်ဆိုင်ခွဲတစ်ခုကို ထပ်မံဖွင့်လှစ်ခဲ့ပါတယ်။

အခုလိုမျိုး လူတန်းစားမရွေးစားသုံးနိုင်တဲ့ ဆိုင်လေးတွေကို ဖွင့်လှစ်ရောင်းချရာမှာ ကြုံတွေ ့ရတဲ့ အကြောင်းအရာလေးကို ရတနာခင်က အခုလိုပဲပြောပြသွားပါတယ်။

"ပထမဆိုင်ဖွင့်ကတည်းက အစ်မတို့ကို အားပေးကြတယ် အကောင်းလည်းမြင်ပေးကြတယ် ဆုတွေလည်းပေးကြတဲ့ အတွက် ကျေနပ်ပါတယ်။ လူနည်းစုရဲ့ တိုက်ခိုက်ထိုးနှက်တာလေးကတော့ အစ်မတို့ အနုပညာရှင်သမားတွေက အရေထူနေပြီ ဒါပေမယ့် အစ်မ အမျိုးသားက အပြင်လူပါ ဒီလုပ်ငန်းကို သူလုပ်ချင်လို့ အစ်မက ပံ့ပိုးပေးရတာ အဲတော့ ဒီလိုဝေဖန်တာတွေကျတော့ သူကမခံနိုင်တော့ အစ်မက သူ့ကိုပြန်အားပေးရတယ် သူစိတ်ဓာတ်ကျသွားရင် သူဆက်

မလုပ်ချင်တော့ရင် ဒီဆိုင်ကြီး ရပ်ဖြစ်လိုက်ရမယ် နှစ်ယောက်အတူတူ တွဲလုပ်ကြတာဆိုတော့ အစ်မလည်း တစ်ယောက်တည်း မလုပ်နိုင်ဘူး။ ပရဟိတဆိုပေ

မယ့် ဆေးရုံမှာ နေ့တိုင်းထမင်းသွားကျွေးဆိုရင် (၁) ပတ်လောက်တော့ ကျွေးနိုင်မှာပေါ့ ဒီလိုအလုပ်က ပရဟိတလည်းဖြစ်တယ် ကိုယ်လှူနိုင်တာလေးရော

ကိုယ်လုပ်နိုင်တာလေးရော လူတွေလည်း အဘက်ဘက်ကအဆင်ပြေအောင် ကောင်းအောင်လေးလုပ်တာကိုမှ တစ်ချို့မကောင်းမြင်ကြတာ အစ်မ ဝမ်းနည်း

တယ် ဒါပေမယ့် အစ်မကတော့ခံနိုင်ရည်ရှိတယ် အစ်မ အမျိုးသားကိုလည်း ခံနိုင်ရည်ရှိအောင် အားပေးရတယ်" လို ့ဆိုပါတယ်။ ယခုကဲ့သို ့ကြုံတွေ ့နေရတာ

နဲ ့ပတ်သက်ပြီး ပရိသတ်တွေကလည်း အခုလို ပြန်လည်အားပေးစကားဆိုထားကြပါတယ်။ ပရဟိတဆိုတာလူတိုင်းမလုပ်နိုင်တဲ့အရာမို ့ကြိုးစားပြီး

ဆိုင်ခွဲလေးတွေ ထပ်မံဖွင့်ပေးဖို ့နဲ ့ ဆိုင်လေးတွေက သန် ့ပြီး အရမ်းစားကောင်းကြောင်းလည်း အားပေးသူများက ပြောဆိုထားတာကို တွေ ့ရှိရပါတယ်။

Source: Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။