နန်းဆုတို့ကတော့ ချစ်သူလည်းရ ကိုယ်ပိုင် Photographer လည်းရဆိုတော့ မိုက်တာ ပေါ့နော်။ အမြဲ တမ်း မမကို အလိုလိုက်ပြီးချစ်တဲ့ G-Fatt ကြောင့်လည်း နန်းဆုတို့စိတ်ချမ်း သာပြီး တစ်နေ့တခြား ပိုပို လှလာတာပေါ့နော်။ သီချင်းစာသားလေးတွေမှာလည်း ချစ်သူကိုသိပ်ချစ်တဲ့အကြောင်းတွေ မကြာခဏ ဆိုသလို အပြန်အလှန်ရေးစပ်တတ်တဲ့ ဒီနှစ်ယောက်ကတော့ ပရိသတ်တွေအားကျတဲ့ Idol Couple ပါ။

နှစ်ယောက်လုံးက ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုကိုယ်စီနဲ့ လျှောက်လှမ်းနေကြတာဖြစ်ပြီး ပရိသတ်အားပေးမှုအခိုင်အမာကို ရရှိထားတဲ့ အပြင် ကိုယ်ပိုင်သီချင်းခွေတွေလည်း ထွက်ရှိခဲ့ပါသေး တယ်။ ရန်ဖြစ်လိုက် ပြန်ချစ် လိုက်နဲ့ နှစ်ယောက်သားရဲ့အချစ်ရေးကတော့ ကျီစယ်ရင်းနဲ့ ပြန်အဆင် ပြေသွားခဲ့ပါ တယ်။ ခရီးတွေလည်းမကြာခဏအတူထွက်ပြီး ပျော်စရာအချိန်လေးတွေကို အတူတူ ကုန်ဆုံးတတ်ပါသေးတယ်။

သူမရဲ့အလန်းစားပုံရိပ်တွေကို " Night mode on " ဆိုပြီး တင်လိုက်တာပဲဖြစ်ပါတယ်။ ဒီနောက်မှာ တော့ နန်းဆုတစ်ယောက် " ပါးဖောင်းဖောင်းနဲ့ ကောင်လေးရိုက်ပေးတာ " ဆိုပြီး ချစ်သူကိုကျီစယ် လိုက်ပါသေးတယ်။ သိပ်ချစ်ဖို့ကောင်းတဲ့စုံတွဲလေးမို့ ပရိသတ် တွေကလည်း သဲသဲလှုပ်ချစ်နေကြတာ ထင်ပါရဲ့နော်။

Photo - Nansu Yati Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။