မြန်မာနိုင်ငံရဲ့ လက်ချိုးရေတွက်လို့ရတဲ့ အသံပါဝါအားကောင်းပြီး ဂီတနယ်ပယ်ဘက်မှာ ထူးချွန်ပြောင်မြောက်တဲ့ အမျိုးသမီးအဆိုရှင် ဖြူဖြူကျော်သိန်းကို အားလုံးသိကြမှာပါ။ ကိုရီးယားနိုင်ငံ Galaxy Star ထိသွားပြီးတောင် သီချင်းဆိုခဲ့တဲ့ ဖြူဖြူတစ်ယောက် အခုတော့ တက်သစ်စ တေးရေးဆရာတစ်ယောက်အပေါ် ခေါင်းပုံဖြတ်တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ပြည့်ဖြိုးညွှန့် ( ပြူးကြီး The Scare) အမည်ရှိ ထိုတေးရေးဆရာက သူ့ရဲ့ လူမှုကွန်ယက်ကနေ ဖြစ်ကြောင်းကုန်စင် ရှင်းလင်းရေးသားထားပါတယ်။

#ကျွန်တော်နဲ့ဖြူဖြူကျော်သိန်းပြသနာကိုရှင်းရှင်းလင်းလင်းမသိသူများအတွက်

#အပိုအလိုမရှိဖြစ်ပျက်ခဲ့တဲ့အတိုင်းသိရှိကြစေရန်အကျဉ်းချုံ့တင်ပြပါတယ်

#တရားတယ်မတရားတယ်ဆိုတာကိုတော့ခင်ဗျားတို့ပဲဖတ်ကျိဆုံးဖြတ်ပါ

ကျနော်အခွေကြမ်းလေးလုပ်ရင်း

demo တစ်ခွေစာပြည့်တော့

ကျွန်တော်လဲဲproducerရလိုရငြား

အဆိုတော်တွေဆီလိုက်ပြတယ်ပေါ့ဗျာ

ဘယ်သူမှမဆက်သွယ်လာပါဘူး

တလလောက်နေတော့ ppkt ကဆက်သွယ်လာတယ်

အခွေလုပ်ကြမယ်ပေါ့

ကျွန်တော့်ကိုလဲဝင်ဆိုပေါ့

မိသားစုပုံစအကျိုးကိုံညီတူမျှတူခံကြမယ်

အခွေလုပ်ကြမယ်ပေါ့ဗျာ

ကျွန်တော်လဲဆိုရမယ်ဆိုတော့

လက်ခံလိုက်တယ်

တခွေလုံးဆယ်ပုဒ်ပါတယ်ပေါ့

သီချင်းအားလုံးက

ကျွန်တော်ရေးတာပေါ့ဗျာ

အတီးကတော့ ကျနော်BASSတခွေလုံးတီးတယ်

အဆိုပိုင်းမှာ ကျနော်တယောက်တည်းဆိုထားတဲ့

တရားမဲ့နေ့စွဲများဆိုတဲ့တစ်ပုဒ်ပါတယ်ပေါ့ppkt နဲ့duet song တွေက

ရမ္မက်ဇော(၁)

နဲ့

အဝါရောင်တိုက်ပွဲ

စတဲ့နှစ်ပုဒ်ပါတယ်

အဲ့မှာ သူတို့က

အခွေတွက်သွားစားရိတ်

စားစားရိတ်ထုတ်ပေးမယ်ပေါ့

အစကအဲ့သလိုပြောတယ်ဗျ

သည်နေရာမှာ

အထူးပြောချင်တာက သူတို့ပြောတဲ့

#စားရိတ်သည်အနုပညာကြေးမဟုတ်ပါ

စားရိတ်ဟုပင်သိ၍လက်ခံရရှိပြီး

စားရိတ်လိုပင်နာမည်ကျန်နေရစ်မယ်အခွေအတွက်သာအသုံးပြုခဲ့ပါသည်

ကိုယ်ကျိုးတပြားသားမှမပါခဲ့ပါ

အခွေက

ိုအတီးပိုင်းတွေပြီးတဲ့အချိန်လောက်မှာ

ပြသနာကစလာတယ်

စားရိတ်ထုတ်လာတာ

၁၂သိန်းဝန်းကျင်ရှိတော့

ppktကဖုန်းဆက်ပြီးသည်အခွေအတွက်စားရိတ်ကိုပမာဏတစ်ခုနဲ့

သုံးသိန်းစားရိတ်ထပ်ပေးပြီး

ဆယ့်ငါးသိန်းနဲ့စာချုပ်မှာလက်မှတ်ထိုးပြီး

ဖြတ်လိုက်ကြမယ်ပေါ့ ပြောလာတယ်

ကျွန်တော်တို့ကလဲအိုခေပေါ့

သူ့အိမ်မှာဆုံကြတယ်သူတို့ရေးထားတဲ့

စာချုပ်ကိုဖတ်ကြည့်တော့

တဖက်စောင်းနင်းဖြစ်နေတဲ့အပြင်

စောနကကျွန်တော်ပြောခဲ့တဲ့

အခွေအတွက်စားရိတ်ဆိုပြီးထုတ်ထုတ်ပေးနေတဲ့ပိုက်ဆံတွေက

ခေါင်းစဉ်ပြောင်းသွားခဲ့တယ်

#အနုပညာကြေးတဲ့

စားရိတ်အနေနဲ့ထုတ်ပေးခဲ့တဲ့ငွေတွေက

ဟပ်ချလောင်း ဆို

အနုပညာကြေးဖြစ်သွားပါလေယော

စတင်ယုတ်ပတ်ပြီဆိုတာ

ကျနော်သိခဲ့တယ်

ကျွန်တော်တို့ကိုနားလှည့်ပါးရိုက်လုပ်ပြီ

ဒါပေမယ့်ဘာမှ

မပြောခဲ့ဘူး မတောင်းဆိုခဲ့ဘူး

အခွေမထွက်ခင်အချင်းမများချင်လို့ရယ်

အခွေမြန်မြန်ထွက်စေချင်တာရယ်ကြောင့်

နစ်နာတယ်ဆိုတာသိတယ်

သိသိနဲ့လက်မှတ်ထိုးပေးခဲ့တယ်

(နာမည်ကြီးတယောက်အနေနဲ့ကျနော့်လိုလူသစ်ကိုတေးရေးနာမည်ဖျောက်ထားရလောက်အောင်သောက်ကျင့်ယုတ်မယ်

အောက်တန်းကျလိမ့်မယ်လို့တော့မထင်မိခဲ့ဘူး)

အဲ့လက်မှတ်ထိုးတဲ့နေကသက်သေမစုံပါဘူးသူတို့ဖက်ပဲစုံတယ်

ကျနော့်ဆီကစာချုပ်မှာ သက်သေဟောင်းလောင်း

သူတို့ကသူတို့လူကိုပဲသက်သေထိုးခိုင်းလိုက်မယ်ဆိုပြီးပြောလာတယ်

ကျနော့်ဘော်ဒါ Orle O-oကိုယ်တိုင်

လိုက်ပါခဲ့လို့သူမျက်မြင်ကိုယ်တွေ့ပါ

သူတို့စာချုပ်မှာတော့ စုံကောင်းစုံနေပါလိမ့်မယ်

:)

အဲ့လိုမဖြစ်ခင် အဲ့ခွေထဲကကျနော့်ရေးတဲ့

ငြိမ်းချမ်းရေးသီချင်းတစ်ပုဒ်ဖြစ်တဲ့

"စစ်"ကို အွန်လိုင်းတင်ရောင်းတယ်

သီချင်းကပေါက်တယ်ပေါ့

နယ်သာလန် မှာလုပ်တဲ့

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်နေ့

Master Peace Concert ပွဲမှာဆိုတယ်

ဘယ်မှာမှတေးရေးနာမည်မပါခဲ့မဖော်ပြပါဘူး

မရေးထိုးမဖော်ပြပါဘူး

ဆက်ကြဦးစို့

လက်မှတ်ထိုးပြီးနောက်ပိုင်း

ဇာတိပြလာတယ်

ကျွန်တော်တို့အခွေအကြောင်းလေးသိချင်လို့

ဆက်သွယ်မှုမှန်သမျှကို

သူတို့ဘက်ကအကြောင်းမပြန်တော့ပါဘူး

ကျနော်တို့ဆက်သွယ်လဲအကြောင်းမပြန်ပါဘူး

mixing ဆွဲတဲ့date တောင်၃ပုဒ်

ကျနော်ထိုင်နားထောင်လိုက်ရတယ်

ကျန်တဲ့သီချင်းmixing လုပ်တာတွေဘာတခုမှကျနော်မသိခဲ့ရပါ

စျေးကွက်မဖြန်ခင်ခွေမထွက်ခင်

master ကိုလဲနားမထောင်ခဲ့ရပါ

ကုန်ကုန်ပြောရယင်

ကိုယ်ရေးကိုယ်ဆိုကိုယ်တီးတဲ့အခွေကို

ကိုယ်တိုင်ဝယ်နားထောင်ခဲ့ရတယ်

ဇာတ်နာချက်ကအဲ့သလို

အခွေဝယ်ပြီးတော့အကြီးဆုံးပြသနာ

စတင်တွေ့ရှိလိုက်တယ်

တေးရေးနာမည်မပါဘူး

နာမည်ကျန်နေရစ်မယ်အခွေမှာ

band နာမည်ပဲပါလာပြီး

တေးရေးနာမည်မပါလာပါ

ဒါအနုပညာသမားအသစ်တယောက်ကို

နာမည်ကြီးတယောက်ကခေါင်းပုံဖြတ်

အနိုင်ကျင့်လိုက်ခြင်းပါပဲ

စဉ်းစားကြည့်ကြဗျာ

ကျုပ်ရေးကျုပ်တီးခဲ့တဲ့အခွေ

၃ပုဒ်တောင်vocal ပါဝင်သီဆိုထားတဲ့အခွေမှာ

ကျုပ်ရဲ့တေးရေးနာမည်မထိုးထားတာက

အသည်းနာစရာကောင်းလွန်းပါရဲ့

မြန်မာ့ပထမဆုံးပါပဲ

နောက်ပိုင်းကိစတွေကတော့အားလုံးသိပြီးတဲ့တိုင်း

ဂီတအစည်းအရုံးကို ppktတေးရေးနာမည်မထိုးလို့

ကျနော်စာတင်တိုင်တယ်

ဖြေရှင်းမယ့်နေ့မှာppktကိုယ်တိုင်မလာပါဘူး

ကိုယ်စားလှယ်သဘောမျိုး

သူ့ဘက်ကတယောက်နဲ့ဖြေရှင်းတယ်

တဖက်စောင်းနင်းတွေppkt ဘက်ကကာကွယ်ကြတယ်

အနုပညာသမားချင်းrespectဆိုတာ ဘယ်နားမှာပါလဲ

အဲ့နေ့ကအဖြေမထွက်ပါဘူး

မျက်နှာချင်းဆိုင်ဖြေရှင်းမှရမှာကို

လူမလာတည်းကစော်ကားတာ

မလေးစားတာပါပဲ

နောက်ထပ်ထပ်ချိန်းပါမယ်ဘာညာနဲ့ဂီတအစည်းရုံးကလူတွေကစကားလှအောင်အချိုသတ်ပြီးဘာမှလုပ်မပေးကြဘူး

မနှစ်ကတိုင်ထားတာကို

ဒီနှစ်ထိဂီတအစည်းရုံးမှဘာသံမှမကြား

ဘာမှမလုပ်ပေးကြတာဟာ ပေါ်တင်စောက်ဂရုမစိုက်ကြောင်းပြပလစ်ထားကြတာရှင်းနေတာပဲ

အားလုံးသိကြတဲ့အတိုင်းပါပဲ

သမာသမတ်

တရားမျှတမှု

ဘယ်နားမှာတည်ရှိပါသလဲ

ကျွန်တော််တို့နောက်က generateတွေ

သတိချပ်နိုင်ကြရန်

မြေတောင်မြှောက်သလိုလိုနဲ့

မြေဖို့အသတ်မခံကြရစေရန်

ကျွန်တော်တို့့လိုမခံကြရစေရန်

အမှန်တရားကိုအပိုအလိုမရှိတင်ပြပါသည်

ပြူးကြီး(THE SCARE)

ကဲ ပရိသတ်ကြီးရေ ဘယ်သူမှန်သလည်း မှားသလည်းဆိုတာကိုတော့ စဉ်းစားသာကြည့်ကြပေတော့……

Source: Pyae Phyo Nyunt

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။