ဆရာရှင့် လက်သည်းပေါ်အလှဆင်တဲ့ဆေးတွေဟာ ဘယ်လောက်ဆိုးကျိုးပေးနိုင်သလဲ သိချင်ပါတယ်။

အလှဗေဒက စရေးပါရစေ။ လက်သည်းခြေသည်း အလှပြင်ရာမှာ ဒါတွေကိုသုံးပါသတဲ့။ Base coat အောက်ဆုံးလွှာမှာ လသက်သည်းဆိုးဆေးစွဲစေဘို့အရည်ကို စသုံးတယ်။ ဆိုးဆေးအရည်အသွေးလဲ ကောင်းစေပါသတဲ့။ Nail polish ဆိုးဆေးမှာ Color or Gloss အရောင်အမျိုးမျိုး ကြိုက်တာကိုသုံးမယ်။ Thick liquid ဆေးရည်က ခပ်ထူထူ၊ Nitrocellulose ဆိုတာပါတယ်။ ကပ်နေအောင်လို့ Amyl acetatethat ဆေးထဲမှာ ဖျော်ထားတယ်။ ပျော့ပြောင်းမှုအတွက် Resins နဲ့ Plasticizers တွေလဲပါမယ်။ အရောင်အတွက် Different pigments ရောင်ချယ်ဓါတ်တွေ သုံးတယ်။ ဝေါဟာရတွေအနေနဲ့ Nail polish, Enamel, Lacquer, Varnish နဲ့ Color ဆိုပြီးခေါ်ကြတယ်။ Top coat ဆေးဆိုးပြီးရင် အရောင်မဲ့ဆေး ထပ်တင်ပါမယ်။ ပိုကောင်းအောင်တဲ့။ တချို့အမျိုးအစားတွေမှာ Sunscreen နေလောင်ခံပါမယ်၊ ဆေးမပျယ်အောင်ထိန်းပေးတာမျိုးပါမယ်။

လက်သည်းဆိုးဆေးရဲ့ ကောင်ကျိုးကတော့ အလှအပအပြင် လက်သည်းခြေသည်းကို တခြား ပြင်းထံတဲ့အရာတွေက ထိတွေ့မှာကို ကာကွယ်ပေးမယ်။ ခြောက်သွေ့တာ၊ ကြွပ်ဆတ်တာကိုပါ အကာကွယ်ပေးမယ်။ 

ဘယ်လိုဓါတ်တွေပါသလဲ -

• Nail polish remover လက်သည်းဖျက်ဆေးဆိုတာမှာ Acetone-based solvent ဆေးဖျော်ရည်ကို သုံးတယ်။ Acetone, Alcohol, Ethylacetate or Butyl acetate တွေပါနေတယ်။ Cotton ball ဂွမ်းစလုံးလေးသုံးပြီး ဖယ်ရှင်းပြစ်ရတယ်။

• Cuticle creams ကျူတီကယ်-ခရင်မ် ဆိုတာ လက်သည်းခြေသည်း အနားလေးက အရေပြားနေရာအတွက် သုံးတာဖြစ်တယ်။ Lanolin, Petroleum or Beeswax တွေပါတယ်။ Dry cuticles ဒီနေရာခြောက်နေတာနဲ့ Brittle nails ကြွတ်ဆတ်တာကို ကာကွယ်ဘို့အတွက်သ ုံးကြတယ်။

• Cuticle remover အဲတာကိုရှင်းဆေး Alkali နဲ့ glycerin ကို ရေမှာဖျော်ထားတာဖြစ်တယ်။ Hangnails လက်သည်းကုပ်နေတာနဲ့ Excess cuticle အပိုဖြစ်နေတာကိုပါ ကာကွယ်စေတယ်လို့ဆိုတယ်။

• Nail moisturizer လက်သည်းစိုဆေးထဲမှာ Glycerin, Mineral oils, Alpha-hydroxy acids စတာတွေပါတယ်။

• Nail hardener လက်သည်းမာဆေးဆိုတာလဲ ရှိသေးတယ်။

• Nail bleach ဆိုတာက လက်သည်းကို အစွန်းအထင်းတွေ ချွတ်ပေးတယ်။ ပိုဖြူသွားစေမယ်။

Artificial nails လက်သည်းတု (၂) မျိုးရှိတယ်။

(၁) Preformed plastic nails ကို ကြိုက်သလို ပုံစံ၊ အတို-အရှည် ကိုက်ဖြတ်ယူနိုင်တယ်။ press-on ဖိလိုက်ယုံ လုပ်နိုင်တာနဲ့ Glue ကော်သုံးရတာဆိုပြီးလာတယ်။

(၂) Sculptured nails ဒီအတုမှာ Acrylic compound ဆေးနဲ့ မာကျောအောင်လုပ်ထားတယ်။ Filed တံစဉ်နဲ့ တိုက်တိုက် Manicured အနုစိတ်လုပ်လုပ် ကြိုသလိုပုံဖေါ်နိုင်တယ်။

လက်သည်းအလှပြင်ပစ္စည်း ဘေးထွက်-ဆိုးကျိုးတွေ

• Regular use အမြဲလိုလိုသုံးနေရင် Staining of nails လက်သည်းမှာ အရောင်တွေတင်နေမယ်။ Allergic contact dermatitis အတည့်တဲ့အတွက် အရေပြားနာဖြစ်နိုင်တယ်။

• Acetone-based nail polish remover ဖျက်ဆေးကနေ Nail dryness ခြောက်သွေ့စေပြီး၊ Brittleness ကျွတ်ဆက်စေတယ်။ ဘေးနားကနေရာကိုလဲ ယားယံစေတယ်။

• Cuticle remover ကို တအားသုံးမိရင် Cuticle တခုလုံးပျက်စီးစေနိုင်တယ်။ Sculptured nails ပုံသွင်း ထားတာမျိုးထဲမှာပါတဲ့ Acrylic နဲ့ Nail hardeners ထဲက Formaldehyde ကနေ Allergic reactions (အလားဂျစ်) ဖြစ်စေနိုင်တယ်။ Acrylics ကို ဖယ်ထုတ်လိုက်ရင် Surface layers အပေါ်ယံအလွှာဟာ ထိခိုက်မှု ပိုခံရစေနိုင်တယ်။ လက်သည်းကြားမှာ Moisture ရေဓါတ်အောင်းနေလို့ Fungal infection မှိုပိုးဝင်တာ ခဏခဏဖြစ်လာစေနိုင်သေးတယ်။

• Artificial nails ကို အကြာကြီးတပ်ထားရင် Nail plate နေရာကို ဖိအားသက်ရောက်စေလို့ ထိခိုက်မှုသဘော ခံရမယ်။

• Nail moisturizers ကနေ တချို့မှာ Stinging နဲ့ Irritant contact dermatitis အရေပြားနာလိုဖြစ်တယ်။ 

အကြံပြုချက်များ

• Removal or manipulation of cuticle ကို မသုံးသင့်ပါ။

• Acetone-based nail removers ကို မသုံးသင့်ပါ။

• Moisture ကို သက်သာစေအောင် Nail conditioner နေ့တိုင်းသုံးပါ။

• Nail cosmetics သုံးလို့ Burning sensation ပူလောင်သလို ခံစားရရင် ဆက်မသုံးပါနဲ့တော့၊

• Artificial nail သုံးလို့ Irritation နေမထိသလိုခံစားရရင် မသုံးပါနဲ့တော့၊

• Nail polish remover ကို ခဏခဏ မသုံးပါနဲ့၊

• Harsh environmental conditions ကြမ်းတမ်းတဲ့အခြေအနေမှာ လက်သည်းကို အသုံးမပြုပါနဲ့။

• Artificial nails ဆိုရင် တိုတာက သက်သာမယ်။

FDA ကနေထုတ်ထားတဲ့ Nail Care Products Safety and Regulatory Information ပြဌာန်းချက်တွေ

• Potentially harmful ingredients အဆင်မသင့်ရင် အန္တရာယ်ပေးနိုင်တဲ့ဓါတ်တွေပါတယ်။ ပါးစပ်ထဲ၊ မျက်စိထဲ ဝင်ရင် ပိုဆိုးတယ်။

• Labels တံဆိပ်တွေမှာ Warning statement သတိပေးချက်ပါရမယ်။

• Infections ပိုးဝင်နိုင်တာနဲ့ Allergic reactions (အလာဂျီ) ရတာတွေ ဖြစ်စေနိုင်တယ်။

• မီးလောင်လွယ်လို့ သတိထားရမယ်။

• Artificial Nail Removers ထဲမှာ Acetonitrile ပါတယ်။ 500 mg ထက်ပိုပါတာမျိုးကို Child-resistant packaging ကလေးတွေမဖွင့်နိုင်အောင် ထုပ်ပိုးထားရမယ်။

• Nail Hardeners ထဲမှာပါတဲ့ Formaldehyde က စိတ်ချရပေမဲ့ 0.2% by weight ထက်ပိုပြီးမပါစေရပါ။

• Artificial Nails (Acrylics) ထဲက Methacrylate Monomers စိတ်ချရပေမဲ့ တချို့မှာ Nail bed လက်သည့်အခြေကို Redness, Swelling, and Pain နီ-ရောင်-နာတာ ဖြစ်စေနိုင်တယ်။

• Nail Primers ထဲမှာ Methacrylic Acid ပါရင် Child-resistant packaging ကလေးတွေမဖွင့်နိုင်အောင် ထုပ်ပိုးထားရမယ်။

• Nail Polishes and Other Products တွေထဲက Toluene ဟာ 50% ထက်ပိုမပါရဘူး။

လက်သည်းလှ စိတ်ထဲလှ၊ ရောဂါဘယ ကင်းပကြပါစေ။

Source: ဒေါက်တာတင့်ဆွေ

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။