၂၀၁၈ အမျိုးသမီး အာရှဖလားခြေစစ်ပွဲ အုပ်စု (ဃ) ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီး ဘောလုံးအသင်းနဲ့ ဆီးရီးယား အမျိုးသမီးအသင်းတို့ ယနေ့ (ဧပြီ ၇ ရက်) မွန်းလွဲ ၂း၃၀ မှာ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအမျိုးသမီးအသင်းက ၁၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားပါတယ်။မြန်မာအမျိုးသမီး အသင်းအတွက် ဂိုးတွေကို နော်အားလိုဝါးဖော က (၃) ဂိုး၊ ရီရီဦးက (၄) ဂိုး၊ ဝင်းသိဂီင်္ထွန်း က (၅)ဂိုး၊ ဝေဝေအောင်နဲ ့ဖူးပွင့်ခိုင်တို့ က (၁) ဂိုးစီ သွင်းယူခဲ့ပါတယ်။ 

လက်ရှိမှာတော့မြန်မာအမျိုးသမီးအသင်းဟာ နှစ်ပွဲကစား ၆မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။ မြန်မာအမျိုးသမီးအသင်းဟာ ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၂း၃၀ မှာ စင်ကာပူအသင်းနဲ ့အုပ်စုတတိယပွဲစဉ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Secure: MFF

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။