မကြာခနပြိုကျလေ့ရှိတဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမြေပြိုမှုနဲ့ နွံကန်ပေါက်ကျမှုတွေကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ မြေပြိုမှု နွံကန်ပေါက်ကျမှုတွေကြောင့် လူသေဆုံးမှုတွေများစွာဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေလည်း အမြောက်အများရှိခဲ့ကြောင်း သိရပါတယ်။ မနေ့က ဧပြီလ ၂၂ ရက်နေ့ ည ၁၁ နာရီခန့်မှာလည်း ဖားကန့်မြို့မှာ နွံကန်ပေါက်ကျမှုတစ်ခု ထပ်မံဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။   

အဆိုပါဖြစ်ပွားမှုကတော့ ဧပြီလ ၂၂ ရက်နေ့ ည ၁၁ နာရီခန့်က ဖားကန့်မြို့နယ် မော်ဝမ်းကြီးကျွေးရွာအနီးရှီ လုပ်ကွက်ဟောင်းနွံကန်ပေါက်ကျမှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ လုပ်ငန်းလုပ်ဆောင်နေတဲ့ နေရာတစ်ခုဖြစ်ပြီး ကုမ္မဏီတစ်ခုထဲကို ပေါက်ကျခဲ့တာဖြစ်တဲ့အတွက် လူသေဆုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူများစွာရှိခဲ့ကြောင်း သိရပါတယ်။  

လက်ရှိ ကချင်ပြည်နယ် ဖားကန့်မြို့မှာ အလုပ်လုပ်ကိုင်သူတွေကတော့ မရေမတွက်နိုင်အောင်များစွာရှိနေပြီး လစဉ်မပျက်သေဆုံးသူတွေကလည်းများစွာရှိနေကြောင်း သိရပါတယ်။ ဧပြီလ ၂၂ ရက်နေ့ မနေ့ကဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် မော်ဝမ်းကြီးကျေးရွာအနီးရှိ နွံကန်ပေါက်ကျမှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - မာံသုခ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။