မင်းသားကြီးကျော်သူကတော့ ပရဟိတ လုပ်တဲ့ နေရာမှာ နာမည်ကြီးတဲ့မင်းသားကြီးပါ ။

ရန်ကုန်တိုင်းတစ်တိုင်းလုံး အားထားနေရတဲ့ နာရေးကူညီမှုအသင်းကြီးရဲ့ ဥက္ကဠလဲ ဖြစ်ပါတယ် ။

ဆံရစ်ဝိုင်းလေးတွေနဲ့ မြန်မာမှုကိုထိန်းသိမ်းတဲ့ ရွာအဖြစ်ထင်ရှားတဲ့ စက်စက်ယိုရွာကိုရေပေါပေါများများသုံးစွဲနိုင်စေဖို့

ရေတွင်းတူးလှုဒါန်းခဲ့တဲ့ ဦးကျော်သူဟာ ရေထွက်တဲ့ အထိမ်းအမှတ်အနေနဲ့လဲရွာလုံးကျွတ်ကြာဆံကြော်ကြွေးမွေး၍အဟာရဒါနပြုလုပ်ခဲ့တဲ့အပြင်

ရွာသူရွာသားများနှင့်အတူ သင်္ကြန်အကြိုပွဲအဖြစ်ရေပက်ကစားခဲ့ကြပါသေးတယ် ။

အမယ်အိုတွေကအစ ကလေးအဆုံးပျော်ရွှင်နေကြတဲ့ ပုံရိပ်တွေဟာ တကယ့်ကိုပီတိဖြစ်စရာပါ ။

ဦးကျော်သူဟာ သူ့ရဲ့ အလှုအတွက်ပီတိစကားကိုလဲ အောက်ပါအတိုင်းပြောကြားခဲ့ပါတယ် ။

"ဝမ်းသာပီတိ ရွာလုံးကျွတ်အလှူပွဲနှင့်စက်စက်ယိုသင်္ကြန်အကြိုပွဲတော်။

ယနေ့နံနက်တွင်စက်စက်ယိုရွာရေရရှိခြင်းအထိမ်းအမှတ်အဖြစ်ကျွန်တော်မှရွာလုံးကျွတ်ကြာဆံကြော်ကြွေးမွေး၍အဟာရဒါနပြုခဲ့ပါသည်။

နံနက်အစောပိုင်းတွင်မြတ်စွာဘုရားနှင့်ရေရရှိအောင်စောင်မပေးခဲ့သည့်ပုဂ္ဂိုလ်ကြီးများအပြင်ရွာဦးဘုန်းတော်ကြီးကျောင်းရှိဆရာတော်သံဃာတော်များအားဆွမ်းဆက်ကပ်ခဲ့ကာနံနက်၁ဝနာရီခန့်တွင်ရွာလုံးကျွတ်ကြွေးမွေးဒါနပြုခဲ့ပါသည်။စက်စက်ယိုရွာသို့လာရောက်လေ့လာသူဧည့်သည်များကိုပါကြွေးမွေးဧည့်ခံခဲ့ပါသည်။

ယင်းနောက်ရေရရှိခြင်းအောင်ပွဲအဖြစ်ရေဗလားနှင့်သပြေခက်တို့ဖြင့်အဖိုးအဖွား ကလေးသူငယ်များကိုပါသင်္ကြန်အကြိုအဖြစ်ယဉ်ကျေးသိမ်မွေ့စွာအပြန်အလှန်ရေကစားခဲ့ပါသည်။

ရေ ဆိုသောအရာကိုယခုကဲ့သို့မြေကြီးထဲမှပန်းထွက်ခြင်းအားတစ်ကြိမ်တစ်ခါမျှ မမြင်ဘူးခဲ့သောအဖိုးအဖွားလူငယ်ကလေးငယ်တို့အဖို့လွန်စွာဝမ်းသာပျော်ရွှင်စွာကခုန်ကစားနေကြသောမြင်ကွင်းသည်ကားမည်သည့်အရာနှင့်မျှ မလဲနိုင်သောပီတိမြင်ကွင်းများပင်ဖြစ်ခဲ့ရတော့သည်။ "

Source : Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။