ပြည်ပနိုင်ငံခြားသားတွေထဲမှာ ပြည်တွင်းကိုလာရောက်လည်ပတ်သူတွေနဲ့အတူ မြန်မာ့ပညာရေးမြှင့်မားဖို့အတွက် လာရောက်သင်ကြားလျှက်ရှိတဲ့ ဆရာ၊ ဆရာမလေးတွေလည်း များစွာရှိနေတာကိုတွေ့ရပါတယ်။ အဆိုပါ မြန်မာ့ပညာရေးမှ နိုင်ငံခြားသား ဆရာ၊ ဆရာမလေးတွေကတော့ ပြည်တွင်းနေရာအနှံ့အပြားမှာ သွားရောက်ပညာသင်ကြားနေသူတွေများစွာရှိနေပြီး မြန်မာ့ကျောင်းသားကလေးငယ်များကို အင်္ဂလိပ်စာအရည်အသွေးမြှင့်မားဖို့အတွက် ကြိုးစားလျှက်ရှိတာတွေ့ရပါတယ်။   

မကြာသေးမီကလည်း မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ ညောင်လှရပ်ကွက် အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း ပဒုမ္မာဆောင်၌ နွေရာသီအင်္ဂလိပ်စကားပြောသင်တန်းကို Peace Corps Myanmar အဖွဲ့မှ အမေရိကန်နိုင်ငံသူ စေတနာ့ဝန်ထမ်းဆရာမ Ms Madison Ann Miller က သင်ကြားပေးလျက်ရှိတာ တွေ့ရပါတယ်။ အဆိုပါသင်တန်းကို ဧပြီ ၁၉ ရက်မှ မေ ၂၂ ရက်အထိ ဖွင့်လှစ်မည်ဖြစ်ပြီး တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များ ၌ နံနက် ၈ နာရီမှ ၉ နာရီအထိ ဆဋ္ဌမတန်းတက်ရောက်မည့်ကျောင်းသားကျောင်းသူများကိုလည်းကောင်း၊ နံနက် ၉ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၁၅ မိနစ်အထိ နဝမတန်းတက်ရောက်မည့်ကျောင်းသားကျောင်းသူများ ကိုလည်းကောင်း အင်္ဂလိပ်စာအခြေခံ အရေး၊ အဖတ်၊ အပြော၊ နားထောင်ခြင်း တို့အား သင်တန်းသားများနှင့် အပြန်အလှန် ဆွေးနွေးပို့ချပေးလျက်ရှိပြီး ကျောင်းသားကျောင်းသူ ၂၁၀ ဦးတက်ရောက်လျက်ရှိကြောင်း သိရပါတယ်။  

လေးစားစရာကောင်းတဲ့ အဆိုပါ ကျောင်းဆရာမလေးMs Madison Ann Millerရဲ့ မြန်မာ့ကျောင်းစိမ်းဝတ်စုံလေးဖြင့်သင်ကြားမှုလေးက ပြည်တွင်း မိဘပြည်သူတွေကို အချစ်ပိုစေခဲ့ပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကိုလည်း ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ကြောင်းသိရပါတယ်။ လက်ရှိပြည်တွင်းကို ပညာရေးမြင့်မားစေရန်ရောက်ရှိလာတဲ့ နိုင်ငံခြားသားကျောင်းဆရာ/ ဆရာမလေးတွေရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

SOURCE - THE MIRROR DAILY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။