ရုပ်ရှင်နှင့်သရုပ်ဆောင်မင်းသမီး မိုးယုစံဟာ လက်ရှိမှာတော့ ကိုယ်ဝန်လွယ်ထားရသလို အနုပညာလှုပ်ရှားမှုတွေလည်းရပ်နားထားပါတယ်။မနေ့ကကျင်းပခဲ့တဲ့

သင်ဇာနွယ်ဝင်းမွေးနေ့ပွဲမှာတော့မိုးယုစံတို့ဇနီးမောင်နှံတက်ရောက်ခဲ့တာတွေ့ရပါတယ်။ 

လက်တလောမိုးယုစံပရိသတ်တွေကြားရေပန်းစားနေတာကတော့

ဆင်ဟွာ သတင်းဌာနကဖော်ပြထားတဲ့ “ ရန်ကုန်တွင် သင်္ကြန်ကာလ အပါအဝင် မီး ကိုးရက်ခန် ့ဖြတ်မည် ”သတင်းနဲ့ပတ်သတ်ပြီးမိုးယုစံက

“ သေရောလေ #မီးအားကမပြည့် #ပူအိုက်တဲ့ရာသီမှာ# အားလပ်ရက်လူတွေ ခရီးမသွားပဲ အိမ်မှာနားတဲ့လူတွေက ဘာလုပ်ရမှာလဲ# ခုချိန်ထိ ဘာမှဖြစ်မလာသေးသော နေရာမှာလူဖြစ်ရတာ ဒုက္ခတမျိုးပဲ #သင်္ကြန်တွင်း ကားထဲပဲဝင်နေတော့မယ်လို့ ? ? ? ? ”လို့သူ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားတဲ့ စတေးတပ်ပါ။ 

မိုးယုစံကတော့ လက်ရှိမှာ ဇာတ်ကား ရိုက်ကူးမှုများ သိပ်မရှိတော့ပေမယ့်လည်း ပွဲတွေ တော်တော်များများမှာတော့ တွေ့ရပါတယ်။ မိုးယုစံတို့ဇနီးမောင်နှံဟာ အောက်တိုဘာ၁၈ရက်နေ့က ဆီဒိုးနားဟိုတယ်မှာ မင်္ဂလာမော်ကွန်း တင်လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့ပြီး မင်္ဂလာဦးဆွမ်းကျွေးကို မဟာစည်သာသနာ့ရိပ်သာမှာ အောက်တိုဘာ၂ဝရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Source: မိုးယုစံ ဖေ့စ်ဘွတ်

AYK 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။