အောင်လအန်ဆန်းရဲ့ ညီတပည့်ဖြစ်သူတွေထဲမှာ အတော်ဆုံးနဲ့ အကောင်းဆုံးဖိုက်တာတွေကတော့ အနည်းငယ်လောက်သာ ရှိပါတယ်။ အဆိုပါ ညီတပည့်တွေထဲမှာ ပရိသတ်အချစ်တော် ဖိုးသော်နှင့်အတူ ချင်းပြည်နယ်မှာ ဖိုက်တာတစ်ဦးဖြစ်တဲ့ ထီရယ်ထန်းလည်း ပါဝင်လျှက်ရှိတာတွေ့ရပါတယ်။ ထီရယ်ထန်းကတော့ နပမ်းပညာမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး နပမ်းပွဲပေါင်း ၅၀၀ နီးပါး အနိုင်ယူထားကာ ဖရီးစတိုင်လ်နဲ့ ဂရီကို-ရိုမန် နပမ်းနယူးယောက်ပြည်နယ်မှာ ချန်ပီယံတစ်ဦးဖြစ်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။  

ဒါအပြင် ဘရာဇီးဂျုဂျစ်စုပြိုင်ပွဲမှာလည်း ၅၀-၃ မှတ်တမ်းဝင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ထီရယ်ထန်းကတော့ အောင်လအန်ဆန်းရဲ့ အချစ်တော် ညီတပည့်တစ်ယောက်ဖြစ်ပြီး လာမည့် မတ် ၈ ရက်နေ့ ရန်ကုန် REIGN OF VALOR(One Championship) ပြိုင်ပွဲမှာလည်း အကောင်းဆုံးပွဲတစ်ပွဲအဖြစ်ပါဝင်ထိုးသတ်သွားမှာဖြစ်ကြောင်းသိရပါတယ်။  

ညီတပည့်ဖြစ်သူ ထီရယ်ထန်းနှင့်ပတ်သက်ပြီး အောင်လအန်ဆန်းကတော့" ထီရယ်...အောင်မြင်ဖို့ တိုက်ခိုက်ရေးပညာကို အချိန်ပြည့်မင်းလေ့ကျင့်ရမယ့်" ဟူ၍ ပြောပြဖူးကြောင်း သိရပါတယ်။ အမိမြေ မြန်မာနိုင်ငံမှာ ပထမဆုံးထိုးသတ်မည့် အောင်လအန်ဆန်းရဲ့ ညီတပည့်ဖြစ်သူ ချင်းတိုင်းရင်းသားလေး ထီရယ်ထန်းရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။