ရွှေနိုင်ငံလို့ တင်စားခေါ်ဝေါ်ကြတဲ့ မြန်မာနိုင်ငံရဲ့ အဖိုးတန်ရတနာတွေကတော့ ယနေ့အထိပြည်သူတွေစားမကုန်သောက်မကုန်နိုင်အောင်ရှိနေသေးတာကိုအားလုံးသိမယ်ထင်ပါတယ်။ နေရာအနှံ့အပြားမှာ အဖိုးရတနာတွေမကြာခဏပေါ်ပေါက်လေ့ရှိပြီး ပြည်သူများစွာအပြင် ပြည်ပနိုင်ငံခြားသားများစွာကပါ လာရောက်တူးဖော်လျှက်ရှိတာတွေ့ရပါတယ်။

လက်ရှိမှာလည်း ကောလင်းမြို့နယ်အတွင်း တောင်ပေါ်မှ ရွှေများတူးဖော်ရရှိနေကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ ကောလင်းမြို့နယ် ကညို့အင်း ကျေးရွာ အရှေ့ ထီးချိုင့် မြို့နယ် အစပ် မင်းဝံတောင် ထိပ်ပေါ်တွင် တူးဖော်လျှက်ရှိကြောင်း သိရပါတယ်။

လက်ရှိ အဆိုပါ ရွှေထွက်ရာနေရာကို ရွာနီးစပ်ပြည်သူများစွာလာရောက်တူးဖော်လျှက်ရှိပြီး စည်စည်ကားကားလုပ်ဆောင်လျှက်ရှိကြောင်း သိရပါတယ်။ ၎င်းရွှေထွက်ပေါ်နေတဲ့ မင်းဝံတောင်ပေါ်သို့ အနီးနားရွာသားများနဲ့အတူ ရွှေကုန်သည်အချို့လည်း လာရောက်နေပြီး ရွှေတွေကို တူးဖော်နေတာတွေ့ရပါတယ်။

ပရိသတ်တွေအတွက် လူပေါင်းများစွာ ရွှေလာရောက်တူးဖော်နေတဲ့ ပုံရိပ်လေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်နော်။ 

PHOTO CREDIT - ORIGINAL UPLODER

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။