လတ်တလောအဖြစ်များနေတဲ့ ပြည်တွင်း မိုးရွာသွန်းမှုပြင်းထန်ခြင်း၊ မိုးသက်လေပြင်းတိုက်ခတ်ခြင်းနဲ့ မိုးသီးကြွေကျခြင်းတွေကတော့ မကြာခဏကြားသိနေရဆဲဖြစ်ပါတယ်။ လက်ရှိဧပြီလအတွင်း ပြည်တွင်း မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်မှုများစွာရှိခဲ့ပြီး ပျက်ဆီးဆုံးရှုံးမှုတွေကလည်း မရေမတွက်နိုင်အောင် များပြားခဲ့တာတွေ့ရပါတယ်။   

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် ဧပြီ ၂၃ ရက် မနေ့က ည ၈နာရီခွဲအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ် မှုကြောင့် ဝမ်ဟွေရပ်ကွက်ရှိ ရပ်တော်မူဘုန်းကြီးကျောင်း၌ ဘုန်းကြီးနားနေဆောင်ပေါ်သို့သစ်ပင်လဲကျ၍ အမိုး များပျက်စီးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လေပြင်းတိုက်မှုကြောင့် မိုင်းဖြတ်မြို့ ၊ ဝမ်ဟွေရပ်ကွက်ရှိ ရပ်တော်မူဘုန်းကြီးကျောင်းရှိ ဘုန်းကြီး နားနေဆောင်ပေါ်သို့ သစ်ပင်လဲကျခဲ့သဖြင့် ကျောင်းဆောင်၏ ထုတ်တန်းပြုတ်ထွက်ကာ အုတ်ကြွပ်ပြား အမိုးနှင့်မျက်နှာကျက်များ ပြိုကျပျက်ဆီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ကနဦးသတင်းများအရ သိရပါတယ်။  

လက်ရှိ အဆိုပါ သစ်ပင်လဲရာနေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ စခန်းမှူး ဦးထွန်းနေလှိုင်နှင့် တပ်ဖွဲ့ဝင်ခုနှစ်ဦးတို့မှ အချိန်နှင့်ပြေးညီ သွားရောက်ရှင်းလင်း ဖယ်ရှားပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါမိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်ရှိ လူနှင့်အခြားတိရိစ္ဆာန်များလည်း ထိခိုက် ဆုံးရှုံးမှုမရှိကြောင်း သိရပါတယ်။ မနေ့ညကဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့လေပြင်းတိုက်ခတ်ပုံ ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

source - The Mirror Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။