၂၀၁၉ ခုနှစ် ဧပြီလအတွင်းမှာပဲ ပြည်တွင်းဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုတွေကတော့ များစွာရှိနေခဲ့ပြန်တာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုတွေထဲမှာ အများဆုံးနဲ့ အဆိုးဆုံးဖြစ်စဉ်တွေကတော့ ခရီးသွားလမ်းတွေမှာဖြစ်ပြီး ခရီးသွားယာဉ်တွေရဲ့ တိမ်းမှောက်မှု၊ တိုက်မှုတွေကလည်း မရေမတွက်နိုင်အောင် များပြားလျှက်ရှိတာတွေ့ရပါတယ်။ ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာလည်း ဆိုးဆိုးရွားရွားယာဉ်တိုက်မှုကြီးတစ်ခုကတော့ ဖြစ်ပေါ်ခဲ့ပြန်တာ တွေ့ရပါတယ်။   

အဆိုပါ ယာဉ်တိုက်မှုကြီးကတော့ ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ နေ့လည်ပိုင်းက မြဝတီ - ကောကရိတ်အာရှလမ်း နတ်စင်ကွေ့အဆင်းတွင် ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ယာဉ်တိုက်မှုကတော့ ခရီးသည်တင် Express ကားနှင့် Probox တို့ ဝင်တိုက်ခဲ့ကြတာပဲဖြစ်ပါတယ်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် သင်္ဃန်းညီနောင်မြို့သစ်လူမှုကယ်ဆယ်ရေးအဖွ့ဲမျ အရေးပေါ်ယာဉ် ၃ သုံးဖြင့် ကော့ကရိတ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်းသိရပါတယ်။  

ယာဉ်တိုက်မှုဆိုးရွားခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသည့် အသက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေပါ ထိခိုက်ခဲ့ကြောင်း ကနဦးသတင်းများအရသိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ ခရီးသည်တင် Express ကားနှင့် Proboxတို့ တိုက်မှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

pHOTOS - သင်္ဃန်းညီနောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။