ကမ္ဘာ့လက်ဝှေ့ချန်ပီယံကြီးအောင်လအန်ဆန်းကတော့ ပရိသတ်လေးစားချစ်ခင်ရသူတစ်ယောက်ဖြစ်သလို မိသားစုအတွက်လည်း ဖခင်ကောင်းတစ်ယောက်ပီသသူတစ်ယောက်လည်းဖြစ်ပါတယ်။ သားတစ်ယောက်ကို မွေးဖွားထားသူတစ်ယောက်ဖြစ်ပြီး အချစ်တော်အောင်ဒီးကတော့ ဖခင်ဖြစ်သူကိုပျော်ရွှင်ဖန်တီးပေးရုံသာမက ပင်ပန်းမှုဒဏ်တွေကိုလည်း မကြာခဏဖြေဖျောက်ပေးလေ့ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။ ကမ္ဘာကျော်လက်ဝှေ့ဖိုက်တာကြီးရဲ့ သားတစ်ယောက်ဖြစ်သလို ဖခင်ဖြစ်သူရဲ့ ခြေရာနင်းနိုင်မယ့်သားကောင်းရတနာတစ်ယောက်ဖြစ်ဖို့ကို ပြည်တွင်း မြန်မာ့ပြည်သားအားလုံးကတော့ မျှော်လင့်လျှက်ရှိတာတွေ့ရပါတယ်။   

လက်ရှိ အောင်လအန်ဆန်းကတော့ ထိုးသတ်မှုပြိုင်ပွဲတွေပြီးစီးခဲ့ပေမယ့်လည်း မကြာမီယှဉ်ပြိုင်မည့် ဖီလစ်ပိုင်နိုင်ငံသားနဲ့ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေကို ခနရပ်နားထားကြောင်း သိရပါတယ်။ မိသားစုအတွက်အချိန်ပေးအနားယူနေတဲ့ အောင်လအန်ဆန်းကတော့ လက်တလော ပျော်ရွှင်စရာတွေကို ဖန်တီးလျှက်ရှိပြီးမိသားစုနဲ့အတူ ခရီးထွက်လျှက်ရှိတာတွေ့ရပါတယ်။  

ဇနီးဖြစ်သူရဲ့ အပြုံးတွေနဲ့အတူ သားဖြစ်သူကိုပါ မျှော်လင့်ချက်ကြီးကြီး ထားပြီးကြိုးစားနေတဲ့ အောင်လအန်ဆန်းရဲ့ လက်တလောပုံရိပ်တွေကိုတော့ ပရိသတ်တွေလည်း ကြည်နူးမိမယ်ထင်ပါတယ်။ လက်ရှိ မိသားစုနဲ့အတူ ခရီးထွက်နေတဲ့ အောင်လအန်ဆန်းတို့မိသားစုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Aung La

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။